27 C
Yangon

ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းရှိ စစ်တပ်ကို PDF ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေပြီး စစ်တပ်ကလည်း ပြန်လည် ပစ်ခတ်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုပ်ကိုင်နေသော တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းရှိ စစ် တပ်ကို PDFများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေပြီး စစ်တပ်ကလည်း ကုမ္ပဏီဝင်းအတွင်းမှ PDF များကို ပြန်လည် ပစ်ခတ်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်မှစတင်ပြီး ဆားလင်းကြီးမြို့နယ်၊တရုတ်၊ ဝမ်ပေါင်ကုမ္ပဏီဝင်းထဲတွင် တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း၊ ဝမ်ပေါင်ဝင်းအတွင်းရှိ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပြန်လည် ပစ်ခတ်လျက်ရှိကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုမျိုးဖြစ်ပေါ်နေပြီး ပြည်သူများမှာ အခြေအနေကို စောင့်ကြည့်နေရပြီး စစ်တပ်က စစ်ကြောင်းထိုးလာခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

“အခုမနက် ၇ နာရီ ၁၅ လောက်ကစပြီး အခုအထိ ဝမ်ပေါင်ထဲကို PDF တွေက ရှော့တိုက်ဒုံးနဲ့ပစ်နေကြတယ်။ ဝမ်ပေါင်ထဲကခွေးတွေက ပြန်ပစ်တယ်။ PDF က ပစ်တဲ့ ရှော့တိုက်ဒုံးက အတော်များတယ်။ ၁၀ လုံးပတ်ချာလောက်ရှိနေပြီ။ ” ဟု ဆားလင်းကြီးမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

တရုတ်၊ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွားများမှ ပြည်သူများ ထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး စစ်တပ်က စစ်ကြောင်းထိုးခြင်း၊ ကုမ္ပဏီဝင်းအတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏ ဆိုသလို ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် တော်လှန်ရေးတပ် များကလည်း စစ်တပ်က အထိုင်ချ တပ်စွဲထားသော ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းသို့ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် ဝမ်ပေါင် ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီး ၁၃ လုံးဖြင့် တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်မှစတင်ပြီး ဆားလင်းကြီးမြို့နယ် ဝမ်ပေါင် ကုမ္ပဏီအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး အလုံး ၃၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နေရာပေါင်းစုံမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ ကုမ္ပဏီဝင်းအတွင်း ပေါက်ကွဲမှုများဖြစ်ပေါ်ပြီး မီးများလောင်ကျွမ်းခဲ့ ကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း အရေးပေါ် ဥဩစွဲသံများ တစ်ညလုံး ထွက်ပေါ်ခဲ့ပြီး မီးသတ်ကားများ၊ စစ်ကားနှင့်ရဲကားများဖြင့် ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article