31 C
Yangon

စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ဆုတ်ခွာလိုက်ရသော တီးတိန်မြို့နယ်၊ ကနေဒီတောင်ထိပ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ပြန်လည် သိမ်းပိုက် ထိန်းချုပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ထိပ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ပြန်လည် ထိန်း ချုပ်လိုက်ပြီဖြစ်ကြောင်း PDF Zoland မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းက တီး တိန်မြို့နယ်၊ ကနေဒီတောင်ထိပ်ကို ချင်းတော်လှန် ရေးတပ်ဖွဲ့များ ရောက်ရှိချိန် အကြမ်းဖက်စစ်သားများ အားလုံး စွန့်ခွာထွက်ပြေးသွားသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် ခဲ ယမ်းအချို့ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကနေဒီတောင်ကုန်းကို မနေ့က နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းလောက်က ပြန်ရတယ်။ ကျနော်တို့ PDF Zoland ရဲဘော်တွေ ကနေဒီတောင် ထိပ်ကို တက်တာနဲ့ သူတို့က အဲဒီကနေ ထွက်ပြေးတာ၊ လက်နက်တော့မရဘူး၊ခဲယမ်းတချို့တော့ရတယ်။ ကျနော်တို့ကနေဒီတောင်ထိပ်ကို ရောက်တာ သိ တာနဲ့ စခတွေက ထွက်ပြေးတာပဲ” ဟု PDF Zoland မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်တိုက်ခိုက်ခဲ့ သောကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ကနေဒီတောင်ကုန်းမှ ဗျူဟာအရ ခေတ္တရှောင်ပေး ခဲ့ပြီး ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်စဉ် စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ စစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့ဝင် PDF Zoland နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကနေဒီတောင်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက PDF Zoland တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article