ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အမေရိကန်နိုင်ငံရဲ့ အွန်လိုင်း ကျားဖြန့်လိမ်လည်မှုတွေကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်ဟာ နက်နဲလျှို့ ဝှက်တဲ့ ရည်ရွယ်ချက်တစ်ခု ရှိနေတယ်ဆိုပြီး အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်းက ပြောဆိုလာပြန်တဲ့အပြင် မြန်မာနိုင်ငံမှာ ကျားဖြန့်တွေ ကြီးထွားလာမှုဟာ ထိုင်းနိုင်ငံကြောင့် ဆိုပြီးတော့ပါ အပြစ်တင်ပြောဆိုသွားပြန်ပါတယ်။
- ကရင်ပြည်နယ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ဖို့ ရွှေကုက္ကိုလ်မြို့သစ်ကို ထူထောင်ခဲ့တဲ့ မြန်မာစစ်တပ်လက်အောက်ခံ BGF တပ်က မြန်မာ စစ်တပ်ရဲ့ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူ နဲ့ အတူ ရွှေကုက္ကိုလ်မြို့ထဲကို ဝင်ရောက်ပြီး နိုင်ငံခြားသား ၃ ရာကျော်ကို ကျားဖြန့်လုပ် တဲ့သူတွေဆိုပြီးတော့ ဟန်ဆောင်ပန်ဆောင်တွေ ဖမ်းဆီးပြနေပြန်သလို ၊ တကယ်တမ်းကျားဖြန့် ခေါင်းဆောင်တွေကိုတော့ စစ်တပ်လက်အောက်ခံ BGF တပ်ကပဲ ကားတွေနဲ့ ရွှေ့ပြောင်းပေးထားပြီး ဖြစ်တယ်လို့ သိပါတယ်။
- မန္တလေးတိုင်းက စဉ့်ကိုင်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေတဲ့ ပျူစောထီး ၅ ဦးကို တော်လှန်ရေး တပ်ဖွဲ့တွေက အရှင်ဖမ်းမိထားပြီး သူတို့ဆီကနေ လက်ပစ်ဗုံးတွေပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




