မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလာသော စစ်သား ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးလက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ ကြောင်း မြိုင်ပကဖက ထုတ်ပြန်သည်။
ယနေ့ နိုဝင်ဘာလ ၁၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က မြိုင်မြို့နယ်၊ စက်မှု ၂ မှ ဘေးပတ်ဝန်းကျင် တောတိုက်ျမားအတွင်းသို့ ဝင်ရောက်ပြီး ပြည်သူ့ပိုင် ပစ္စည်းများကို ခိုးယူလာသည်ကို သက်သေခံ ပစ္စည်းများနှင့်အတူ တွေ့ရှိသဖြင့် ပစ်ခတ်ရှင်းလင်း ခဲ့ရာ စစ်သား ၁ ဦးပွဲချင်းပြီး သေဆုံးပြီး ၁ ဦးကို ကျည်ထိမှန်ဒဏ်ရာဖြင့် အရှင်ဖမ်းမိခဲ့ကြောင်း၊ ဒဏ် ရာရရှိသည့် စစ်သားကို ကောင်းမွန်စွာ ဆေးကု သ ပေးထားကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့ထံမှ MA1 အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည်ဆံ ၄၇၃ တောင့်၊ ကျည်ဘောက် ၆ ခုနှင့် ကျန်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Good Brothers တပ်ဖွဲ့နှင့်အညာမြေတပ်ပေါင်းစုတို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နွားထိုးကြီးလမ်းပေါ်ရှိ စစ်တပ်ဂိတ်နှင့်ရေချိုးသည့် နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း Myaung Drone Force Drone တပ်ဖွဲ့မှ ကျားခင်စိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က မြင်းခြံမြို့နယ်၊ မြင်းခြံ-နွားထိုးကြီး ကားလမ်းပေါ်ရှိ ရွာကြီးရွာနှင့် ရွာသစ်ကျေးရွာ၌ ဖွင့်လှစ်ထားသော အကြမ်းဖက်စစ်တပ်ဂိတ်နေရာနှင့် စစ်သားများ ရေချိုးသည့်နေရာတို့ကို Fixed Wings Drone ၅ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်သားများရေချိုးနေသည့်နေရာကို တိကျစွာ ဗုံးကျဲနိုင်ခဲ့ကြောင်း သိရသည်။
“ဒရုန်း ၅ စီးနဲ့ ဗုံးသီး ၅ လုံးချခဲ့တာပါ။ ရေချိုးတဲ့နေရာရော၊ စစ်တပ်ဂိတ်စခန်းနေရာရော ပစ်မှတ်ကို တိတိကျကျချနိုင်ခဲ့ပါတယ်။ အဲဒီနယ်မြေက စကစ နယ်မြေဖြစ်နေလို့ ထိခိုက်သေဆုံးမှုနောက်ဆက် တွဲသတင်းတော့ မရလိုက်ပါဘူး” ဟု Myaung Drone Force Drone တပ်ဖွဲ့မှ ကျားခင်စိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် ခဏအကြာတွင် မြင်းခြံမြို့မှ လူတင်ကားများ ရောက်ရှိလာပြီး ဒဏ်ရာ စစ်သားများကို သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မူကို Myaung Drone Force Drone ကျားခင်စိန် ၊ ထနောင်းမြေစစ်ကြောင်း ၊ JUSTICE WARRIORS တပ်ဖွဲ့၊ Revolutionary Air Force ၊ ဒေါင်းမင်းကြီး တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁၁ တပ်ရင်း ၊ လက်ရုံးတပ် 925 ပြောက်ကျားတပ်ဖွဲ့ (ငါးဇွန်)၊ Peacock Drone Team နှင့် အားမာန်သစ် ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







