ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ တရားမဝင်ကုန်သွယ်ရေး နဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေဟာ ငြိမ်းချမ်းရေးယူ ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ၊ နယ်ခြားစောင့်တပ်တွေကြောင့်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်နဲ့ ဇော်မင်းထွန်းတို့က တစ်လေသံတည်း အပြစ်ဖို့ပြောဆိုလာပြန်ပါတယ်။
- ချင်းပြည်နယ်မှာ စစ်ရေးဗျူဟာအရ ချင်းတော်လှန်ရေးတပ်တွေ ယာယီဆုတ်ပေးထားတဲ့ တီးတိန် မြို့နယ်၊ ကနေဒီတောင်ထိပ် စစ်တပ် စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ PDF Zoland တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ရန်ကုန်တိုင်းက လှည်းကူးမြို့နယ်မှာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတုကြီးအတွက် ပူးပေါင်း ကူညီနေတဲ့ ဇရပ်ကွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြိုပြတော်လှန်ရေးရဲဘော်တွေက ဖောက်ခွဲတိုက်ခိုက်မှုအတွင်း ပျူစောထီး ၂ ဦး ပြင်းထန် ဒဏ်ရာရထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




