ရန်ကုန်၊ နိုဝင်ဘာလ ၂၀
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် မိမိတို့နယ်မြေများနှင့်ထိစပ်လျက်ရှိ သော နေရာများ၊ မြန်မာပြည်တွင်းမှ မြို့ကြီးများ၊ နယ်စပ်ဒေသတလျှောက်အပြင် ဒေသတွင်းတစ်ခု လုံး ၌ အလျင် အမြန် ပျံ့နှံ့လာသော ကြီးမားသည့် နိုင်ငံတကာဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုလုပ်ငန်း များ ကိ အလွန် သတိထား၍ အနီးကပ် စောင့်ကြည့်နေကြောင်း အသိပေးထားသည်။
ကမ္ဘာတစ်ဝှမ်းရှိ ထောင်သောင်းများစွာသော လူပုဂ္ဂိုလ် များနှင့် မိသားစုများစွာသည် အဆိုပါလုပ်ငန်း များ ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတို့ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ် နေရသည့်အတွက် အလွန်ထိတ်လန့်စိုးရိမ်ရပါကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
အလွန်ရှုပ်ထွေးပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် ကြီးမားသော နိုင်ငံဖြတ်ကျော် ရာဇဝတ် ကွန်ရက်များကို ဖြိုခွင်းဖျက်ဆီးရန်အတွက် ထိခိုက်ခံစားနေရသည့် နိုင်ငံများအားလုံးအပါအဝင်၊ ဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ခိုင်မာသော ကတိကဝတ်၊ အားကောင်းသော ခေါင်းဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့်သာလျှင် ထိရောက်အောင်မြင်နိုင် မည်ဟု ခိုင်မာစွာ ယုံကြည်ပါကြောင်း ဆက်လက်ပြောဆိုထားသည်။
ထို့ကြောင့် မိမိတို့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးသည် အရှေ့တောင်အာရှဒေသရှိ အွန် လိုင်း ငွေလိမ်မှုလုပ်ငန်းများနှင့် ဆက်စပ်ရာဇဝတ်မှုများကို နှိမ်နင်းရေးအတွက် မကြာသေးမီက နိုင်ငံ တကာ၏ အောက်ဖော်ပြပါ ဖွဲ့စည်းထူထောင်မှုများနှင့် ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုပြီး ထိုသို့ ဆောင်ရွက်မှုများတွင်လည်း တစိတ်တပိုင်းအဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်မှုတိုက်ဖျက်ရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ၏လှုပ်ရှားမှုသည် အစိုးရအချင်းချင်းဗဟိုပြုချဉ်းကပ်မှုပုံစံကိုစွဲကိုင်ပြီး မြန်မာစစ်တပ်နှင့်သာ ပူးပေါင်းမည်ဆိုပါက ထိ ရောက်အောင်မြင်နိုင်မှုမရှိသည့်အပြင် ပြည်သူလူထုအပေါ် မလိုလားအပ်သော ဆိုးကျိုးများ သက် ရောက်လာနိုင်ကြောင်း အသိပေးထားသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာစစ်တပ်သည် ထိုအွန်လိုင်းငွေလိမ်မှုလုပ် ငန်းများ ဖြစ်ပေါ်လာရေးကို တစ်ဖက်တလှမ်းမှ အားပေးသကဲ့သို့ ၎င်းလုပ်ငန်းများမှ အကျိုးအမြတ်ရ ရှိနေသည့် အဖွဲ့အစည်း ဖြစ် နေသောကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာစစ်တပ်သည် အွန်လိုင်း ငွေလိမ်မှုလုပ်ငန်းများကို နိုင်ငံ တကာနှင့်အတူ တိုက်ဖျက်မည်ဟုအကြောင်းပြ၍ ၎င်းတို့၏ နိုင်ငံတကာ သံတမန်ဆက်ဆံရေးများ ချဲ့ထွင်ရန်၊ ၎င်းတို့ အုပ်ချုပ်ရေး တရားဝင်မှုရရှိရန်နှင့် အင်အားအလွန်အကျွံ သုံးစွဲခြင်းအတွက် အခွင့်ကောင်းယူကာ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်၍ ပိုမိုကျူး လွန်သွားမည်ကို စိုးရိမ်ပါကြောင်း ဆက်လက် အသိပေးထားသည်။
ထိုသို့ စိုးရိမ်မှုကြီးထွားလာစေသော အကြောင်းအရာနောက်ထပ်တစ်ခုမှာ မြန်မာစစ်တပ်နှင့်ကရင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ ပူးပေါင်းပြီး KK Park ရှိအွန်လိုင်းငွေလိမ်စင်တာများကို အင်အားသုံး ဖြို ခွင်းရာမှ ထွက်ပြေးလာသူများသည် KNU အုပ်ချုပ်ရေးနယ်မြေသို့ ရောက်ရှိလာကြောင်း၊ အထူး သဖြင့် ဒူးပလာယာခရိုင်နှင့် ဖားအံခရိုင်တို့သည် ဤပြဿနာကို လက်ငင်းကြုံတွေ့နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
ထိုရောက်ရှိလာသူများသည် အတင်းအကြပ်အဓမ္မစေခိုင်းခံရသူများ သို့မဟုတ် အွန်လိုင်းငွေလိမ်မှု လုပ်ငန်းများတွင် အောက်ခြေသာမန်ဝန်ထမ်းများသာဖြစ်သည်ဟု ယူဆရပြီး ရာဇဝတ်ဂိုဏ်းများ၏ တာဝန်ရှိ အကြီးပိုင်းပုဂ္ဂိုလ်များကို ကြိုတင်၍ လုံခြုံသောနေရာများသို့ ရွှေ့ပြောင်းထားပြီးဖြစ်သည် ကို ထွက်ပေါ်နေသည့်သတင်းများနှင့် ယှဉ်ထိုးကြည့်ပါက သိနိုင်ကြောင်း၊ ယခုကဲ့သို့အငယ်ပိုင်းနှင့် သာမန် ဝန်ထမ်းများကို အစီစဉ်တကျမဟုတ်ပဲ ဖြိုခွင်းနှင်ထုတ်ခြင်းသည် ပြဿနာ၏ အရင်းခံအ ကြောင်းရင်းကို ဖြေရှင်းနိုင် ခြင်းမရှိဘဲ နယ်စပ်ဒေသများတွင် မတည်ငြိမ်မှုများ ပိုမိုဆိုးရွာစေမည် သာဖြစ်ကြောင်း ထောက်ပြထားသည်။
KNU အနေဖြင့် နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုကွန်ရက်များနှင့် ၎င်းနှင့်ဆက်စပ်ရာဇဝတ်မှုများ ဖြစ်သော လိမ်လည်မှုများ၊ ငွေကြေးခဝါချမှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် လူကုန်ကူးမှုများ တို့ကို တိုက်ဖျက်သွားရန်နှင့် ပပျောက်သွားစေရန် ရည်ရွယ်ပြီး နိုင်ငံတကာနှင့် ဒေသတွင်းကြိုးပမ်းမှု များအား လုံးတွင် လေးနက်သောတာဝန်ယူမှု၊ ကတိကဝတ်ပြုမှုနှင့်အတူ တက်ကြွစွာအပြည့်အဝ ပူး ပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း အတိအလင်းထုတ်ပြန်ကြေညာထားသည်။
ဤကဲ့သို့ ပြည်သူ၊ လူအများ၏လုံခြုံရေးကို ကြီးမားစွာခြိမ်းခြောက်နေသော ဤရာဇဝတ်လုပ်ငန်းများ တားမြစ်တိုက်ဖျက်ရေးကို ထိထိမိမိဦးစားပေးဆောင်ရွက်နိုင်ရန်နှင့် ထိုင်းနိုင်ငံနှင့်နိုင်ငံတကာ အဖွဲ့အ စည်းများ၏ ကြိုးပမ်းမှုတွင် ထိရောက်စွာ ကူညီပံ့ပိုးနိုင်ရန်အတွက် မိမိတို့ ကေအဲန်ယူ- ကရင်အမျိုး သား အစည်းအရုံး၏ အဆင့်မြင့်ခေါင်းဆောင်များပါဝင်သည့် အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး မြေပြင်ရှိ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး သည် ကောင်းမွန်သောအုပ်ချုပ်မှုကို မြှင့်တင်ရန်၊ လူ့ဂုဏ် သိက္ခာကို ကာကွယ်ရန်နှင့် မိမိတို့၏အုပ်ချုပ်မှုအောက်ရှိ နယ်မြေအားလုံးတွင် လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ကတိကဝတ်အား ခိုင်မာစွာဖြင့် ထပ်လောင်း၍ အ တည်ပြုပါကြောင်း၊ အွန်လိုင်းငွေလိမ်မှုစင်တာများ၊ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မိမိတို့ရပ်ရွာအသိုက်အဝန်းများနှင့်အတူတကွ ဆက်စပ်ယှဉ်တွဲနေ ထိုင်နေကြသောအသိုက်အဝန်းများ၏ ကောင်းကျိုးချမ်းသာအတွက် ကြီးမား သော ခြိမ်းခြောက်မှုများ အဖြစ် ရှုမြင်ပါကြောင်း ထုတ်ပြန်ထားသည်။
အွန်လိုင်းငွေလိမ်စင်တာများထဲတွင် ပိတ်မိနေသည့် သို့မဟုတ် ထွက်ပြေးလာသည့် များစွာသော မြန်မာနိုင်ငံသားများ၊ ဒေသတွင်းမှရွှေ့ပြောင်းအလုပ်သမားများ၊ အခြားနိုင်ငံသားများကို ကယ်ဆယ် ရေး၊ မည်သူမည်ဝါသတ်မှတ်ရေးနှင့် ဘေးကင်းစွာနေရပ်ပြန်ပို့ရေးတို့အတွက် ညှိနှိုင်းကူညီမှုများစွာ လိုအပ်နေပြီး ယင်းလုပ်ငန်းများနှင့်အတူ အွန်လိုင်းငွေလိမ်မှုနှင့် အခြားဆက်စပ်ရာဇဝတ်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံးက နိုင်ငံ တကာအသိုင်း အဝိုင်းနှင့် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများထံမှ နည်းပညာနှင့် အကြံပေးပံ့ပိုး ကူညီမှုများ လိုအပ် သလို အပြုသဘောဆောင်သောဝေဖန်မှုများကို ကြိုဆိုပါကြောင်း အသိပေးထားသည်။
နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းအနေဖြင့် လူကုန်ကူးခံရသူများနှင့် အွန်လိုင်းငွေလိမ်စင်တာများ တွင် အနိုင်ကျင့်အမြတ်ထုတ်ခံရသူများအား အကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မြန်မာ့ ဒီမိုကရေစီအရေးအတွက် တော်လှန်လှုပ်ရှားနေသော အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်း များ၊ အခြား သက်ဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်ကေအဲန်ယူ-ကရင် အမျိုး သား အစည်းအရုံးက အလေးအနက် တိုက်တွန်းထားသည်။
ကျားဖြန့်လုပ်ငန်းများတွင် အတင်းအကျပ်စေခိုင်းခံရမှု သို့မဟုတ် အလွဲသုံးစားအနိုင်ကျင့်ခံရမှုများမှ ထွက်ပြေးလာသူများ အတွက် ခိုလှုံစရာများ၊ အရေးပေါ်ဝန်ဆောင်မှု များနှင့် အကာအကွယ်ပေးသည့် ယန္တရားများအပါ အဝင် နယ်စပ်တလျှောက်တွင် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများ အား ကောင်းစေရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်းကူညီပေးကြပါရန် ကေအဲန်ယူ- ကရင် အမျိုးသား အစည်းအရုံးက ဆက်လက် တောင်းဆိုထားသည်။
ဓာတ်ပုံ – အီးပီအေ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




