31 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံက ကျရှုံးနိုင်ငံဖြစ်နေပြီး ကမ္ဘာ့ရာဇဝတ်မှုတွေရဲ့ ဗဟိုချက်ဖြစ်လာနေတဲ့အပြင် အမေရိကန်နိုင်ငံဆီကနေ ဒေါ်လာဘီလီယံနဲ့ချီပြီး ကျားဖြန့်လုပ်ငန်းတွေကနေတဆင့် မြန်မာစစ်တပ်က ခိုးယူနေတယ်လို့ အမေရိကန်လွှတ်တော်မှာ လွှတ်တော်အမတ်တွေနဲ့ ကော်မတီဥက္ကဋ္ဌတွေက ထုတ်ဖော်ပြောဆိုသွားကြပါတယ်။
  • ချင်းပြည်နယ်က တီးတိန်မြို့အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘက်က ဆေးတပ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၇ ဦးကတော့ ပွဲချင်းပြီးတွေကို သေကုန်ကြပြန်တဲ့အပြင် ခလရ ၅၀ တပ်ရင်းက ပြောင်းရွှေ့သွားတဲ့ ဗိုလ်မှူး လှမျိုးထွဋ် အပါအဝင် ၄ ဦးလည်း မသေမရှင် ဒဏ်ရာတွေ ရသွားတယ်လို့ ယောအလင်းတန်းရဲ့ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်းက ပုလောမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ များသွားတဲ့အပြင် စစ်သား အလောင်းတွေ ဆီကနေ လက်နက် ၆ လက်ကိုပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article