31 C
Yangon

ငါန်းဇွန်မြို့နယ်တွင် စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထိခိုက်ဒဏ်ရာရသေဆုံးပြီး PDF ရဲဘော် ၅ ဦးကျဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦး ထိခိုက်ဒဏ်ရာရ သေဆုံးပြီး PDF ရဲဘော် ၅ ဦးကျဆုံး နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ခံ ကိုသန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၅မိနစ်ခန့်အချိန် ငါန်းဇွန်မြို့နယ် မြို့သာ အထိုင်ရဲစခန်းမှ ထ နောင်းပင်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ် သား အင်အား ၃၀ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံတိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်တပ်ဖွဲ့ နှင့် နယ် မြေခံ မဟာမိတ် အဖွဲ့များက ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။ မိတ် ရဲဘော် ၅ ဦး ကျဆုံးပါတယ်။ ခွေးတွေက သူတို့လူတွေ အထိခိုက်များတော့ နောက်ထပ် အင်အားထပ်ဖြည့်ပြီး ပြန်လာတာ။ အဲဒီအခါမှ သူတို့လူတွေ ကားနဲ့ ပြန်သယ်သွားတာ။ စစ်ခွေးဘက် လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးတော့ အဲဒီလိုမျိုးတော့ မရလိုက်ဘူး။ နှစ်ဖက်အတွင်း မှာ ပစ်နေတဲ့ အချိန် လေကြောင်းကလဲ ဝဲလာတာ တစ်ကြောင်း သူတို့က အင်အား ထပ်ဖြည့်ပြီး ထပ်တိုးလာတာကြောင့် ကျွန်တော်တို့ နည်းနည်းနောက်ပြန်ဆုတ်ပေးတာ။ အဲဒီအချိန်မှာ သူတို့က ပြန်သယ်သွားတာပါ”ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ခံ ကိုသန့်က ဆို သည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံတိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်တပ်ဖွဲ့ နှင့် နယ်မြေခံ မဟာမိတ် အဖွဲ့များက ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article