စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးရှုံးနိမ့်မှုများအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို စစ်တပ်က ခေါ်ယူမေးမြန်းစစ်ဆေးနေကြောင်း စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်သွားခြင်း၊ စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေသော စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ချေမှုန်းခံရခြင်း အပါအဝင် စစ်ဆင်ရေး ရှုံးနိမ့်မှုများကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို စစ်တပ်က ခေါ်ယူ မေးမြန်းစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ သို့ရာတွင် စစ်တပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို အဂတိမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသည်ဆိုသော သတင်းများကိုလည်း စစ်တပ်က ကိုယ်တိုင် ဖြန့်လျက်ရှိကြောင်း သိရှိရသည်။
“ကန့်ဘလူမှာ စစ်ကြောင်းလိုက်ပြုတ်ပြီး စစ်ရှုံးခဲ့တဲ့ ကိစ္စတွေ ၊ဗန်းမောက်ကို မထင်မှတ်ဘဲနဲ့ လက်လွှတ်လိုက်ရတာ ။ အဲဒီလို အမှုမျိုးတွေ တော် လှန်ရေးအင်အားစုနဲ့ ဆက်နွှယ်တဲ့ အမှုကြောင့်သာ ဒီလိုမျိုး စစ်ဆေးနေတဲ့ အနေအထားမျိုး ဖြစ်မယ်။ အဂတိမှုလောက်နဲ့ အရေးယူခံနိုင်ရဖွယ်မရှိဘူး။ ဒါက ကြားကောင်းအောင် ခေါင်းစဉ်တပ်လိုပ်တာ ဖြစ်မယ်။ သူက ရန်သူနဲ့ ပတ်သက်တယ်ဆိုတဲ့ အမှုမျိုးနဲ့သာ အရေးယူခံရတဲ့ အနေအထားမျိုးလို့ သုံးသပ်ရပါတယ်။ အရေးယူမယ်ဆိုရင်တော့ သေချာပေါက် ပုဒ်မ ၃၃ (သူလျှိုမှု) နဲ့ပဲ အဆွဲခံရဖို့များတယ်။ ပုဒ်မ ၃၃ ဆိုတာက သေဒဏ်ပဲ။ ရန်သူနဲ့ ပတ်သက်ပြီး သူလျှိုလုပ်တဲ့အမှုပေါ့ ဒီအမှုနဲ့ပဲ ဖြစ်ဖို့ များလောက်မယ်။ အဂတ်မှုနဲ့ ဆိုရင်တော့ အကုန်လုံးပဲ။ ပုဒ်မ ၃၃ (သူလျှိုမှု) ၊ ပုဒ်မ ၃၆ (စစ်ပုန်ကန်မှု) ဒါတွေနဲ့ပဲ ဆွဲမယ့်အနေအထားမျိုးများပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
စစ်ဘက်သတင်းရင်းမြစ်ကမူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို နိုဝင်ဘာလ ၈ ရက်နေ့ ဦးပိုင်အမြတ်ငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် နောက်ဆုံးတွေ့မြင်ရပြီး ယင်းနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်ပြီး အခမ်းအနားများတွင် လုံး၀ မတွေ့ရတော့ကြောင်း၊ တိုင်းမှူးနေရာအပြောင်းအလဲ ဖြစ်သည်ဟု မသိရသေးဘဲ လက်ရှိတိုင်းမှူးမှာလည်း ပျောက်ဆုံးနေကြောင်း ပြောဆိုသည်။
“တိုင်းမှူးအသစ်ရောက်လာတာလည်း မတွေ့ရသေးဘူး။ လက်ရှိ နမခ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးလည်း လူမြင်ကွင်းမှာ မတွေ့ရတော့ဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် အလုပ်သင်ဗိုလ် သင် တန်း (တေဇ- ၂၆)မှ ဖြစ်ပြီး၊ တပ်မ ၁၁၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ ကျောက်မဲ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တို့တွင် တပ်မမှူး တာဝန်ယူခဲ့သည်။
၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်နေ့ကိုးကန့် (MNDAA)နှင့် ပူးပေါင်းတပ်များက အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိသည့် လားရှိုးကို သိမ်းစဉ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့နှင့်အတူ ဗိုလ်မှူးချုပ်မျိုးမင်းထွေးကလည်း ကိုးကန့်MNDAA ထံတွင် လက် နက်ချအညံ့ခံခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ လားရှိုးတိုက်ပွဲတွင် လက်နက်ချအညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို မင်းအောင်လှိုင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




