31 C
Yangon

မော်ချီးဒေသရှိ ခဲလုပ်ကွက်အတွင်းသို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ၊ ၂၀၂၅ ခုနှစ်အတွင်း မော်ချီးဒေသသို့ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်အတွင်း ပြည်သူ ၅၇ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ် ကွက် နေရာ ၃ ခုကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခဲလုပ်သားပြည် သူ အမျိုးသား ၅ ဦး သေဆုံးပြီး အမျိုးသမီးလည်းအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ခဲလုပ်ကွက်ကို ကျဲတာပါ။ အမှတ် ၂ စက်ရုံနားပဲ။ လောလောဆယ်အလောင်း ၅ လောင်းရထားပါ တယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အခုချိန်အထိလေယာဉ် ပျံဝဲနေသေးလို့ ကျန်တဲ့ ၂ နေရာက မရှင်းရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်နေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ သာမန်အရပ် သားပြည်သူများ၊ ခဲလုပ်သားများသာရှိသည့်နေရာဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူအများ အပြား ထိခိုက် သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို မကြာခဏဆိုသလို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေရာ ပြည်သူများ မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို စစ်လေယာဥ်များဖြင့် လေ‌ကြောင်း တိုက်ခိုက်မှုနှင့် မဆင်မခြင်ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၃၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မော်ချီးမြို့၊ စက်စရာရပ်ကွက်ရှိ Wifi သုံးနေသော လူအုပ်စုထဲကို အကြမ်းဖက် စစ်တပ်က လေယဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆိုင်ပိုင်ရှင်နှင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဇူလိုင် ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း မော်ချီးမြို့ လိုလော်ထီးရွာကို အကြမ်းဖက် စစ်တပ်က ပေါင် ၂၀၀ ဗုံး ၂ လုံးနဲ့ ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ တောင်ပေါ်ရွာတွင် တိုက်ပွဲ ဖြစ်ပွာခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းခွင်နှင့် ကုန်စုံဆိုင်တစ်ဆိုင် ပေါ်သို့ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်အနေဖြင့် မော်ချီးဒေသတစ်ခုတည်းတွင် စစ်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် မှု ၁၂ ကြိမ်ခန့်ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ – ယနေ့ ဗုံးကျဲမှုကြောင့် သေဆုံးသူ ပြည်သူ ၄ ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယနေ့ ဗုံးကျဲမှုကြောင့် သေဆုံးသူ ပြည်သူ ၄ ဦး။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article