22 C
Yangon

ထိုင်းနိုင်ငံ သံစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာလုပ်သားကိုကျော်ဇင်ဝင်း ဝန်တင်ပစ္စည်းသယ်ကား တိမ်းမှောက် ကွယ်လွန်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ထိုင်းနိုင်ငံ သံစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာလုပ်သား ကိုကျော်ဇင်ဝင်း ဝန်တင်ပစ္စည်းသယ်ကား(Forklift) တိမ်းမှောက်၍ ကွယ်လွန်သွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၈ရက်နေ့ ညနေ ၄နာရီ အချိန် ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်ရှိ သံစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၃ နှစ်အရွယ် ကိုကျော်ဇင်ဝင်းသည် အလုပ်ချိန်အတွင်း ဖော့ကလစ်ကား (forklift) မောင်းစဥ် မတော်တဆဖြစ်ကာ တိမ်းမှောက်၍ ဆုံးပါးခဲ့ကြောင်း၊ အဆိုပါ ဆုံးပါးမှုအတွက် ထိုက်သင့်သည့်ရပိုင်ခွင့်ရရှိရေး ကူညီပေးသွားမည်ဟု 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ မှ အမှုနှင့်ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ဆုံးပါးသူရဲ့မိသားစုဝင်တွေက လျော်ကြေးကိစ္စတွေကို ဥပဒေအရသေချာမသိတော့ ကျနော်တို့ကိုပဲ ကိုယ်စားလွယ်လွှဲပြီးသူဌေးနဲ့ စကား ပြောတာက အစကူညီပေးဖို့တောင်းဆိုထားတယ်ပေါ့။ ကျနော်တို့ဘက်ကလည်း ဆုံးပါးမှုနဲ့ပတ်သတ်ပြီး ထိုင်းဘုရင့်နိုင်ငံရဲ့ဥပဒေအတိုင်းအပြည့်အဝရရှိရေးအတွက် ကျန်ရစ်သူမိသားစုဝင်တွေနဲ့တူတူ ရပ်တည်ကူညီပေးသွားမှာပါ”ဟု အမှုနှင့်ပြန်ကြားရေးတာဝန်ခံ Zin က ပြောဆိုသည်။

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်အတွင်း မတော်တဆမှုဖြင့် ဆုံးပါးသွားသူ ကိုကျော်ဇင်ဝင်းကို နိုဝင်ဘာလ ၂၀ရက်နေ့ တွင် နာရေးသင်္ဂြိုဟ်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article