25 C
Yangon

ပုလဲမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦး၊ အဘွားအို ၁ ဦးနှင့် အဘိုးအို ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး၊ အဘွားအို ၁ ဦးနှင့် အဘိုးအို ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အနောက်ဘက် ကန်ဒေါင့်ကျေးရွာအနီး တောင်ပေါ်ဒေသ တစ်နေရာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး၊ အဘွားနှင့်အဘိုး ၂ ဦး စုစုပေါင်း ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲချချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သိရှိရသည်။

“ကျဲချလိုက်တဲ့ ဗုံးက တဲ ပေါ်ကို တည့်တည့်ကျတာ။ က‌လေး ၁ ဦး၊အဘွားအို ၁ ဦး၊အဘိုးအို ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးတယ်။ ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်သွားတာ။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက် လုပ်ဆောင်လျက်ရှိရာ စစ်ဘေးရှောင်များ တိမ်းရှောင်နေထိုင်လျက်ရှိသော စာသင် ကျောင်း၊ ဘုန်းကြီး‌ကျောင်းနှင့် သာသနိကအ ဆောက်အဦးများကို နေ့စဉ် လေယာဉ်ဖြင့် ဗုံးကျဲချမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“အခုနောက်ပိုင်းလေယာဉ်နဲ့ ကင်းထောက်တာတွေ တော်တော်ကိုများလာတယ်။ လေယာဉ်မလာတဲ့နေ့ကို မရှိဘူး။ ပြည်သူတွေကတော့ တော တောင်တွေထဲမှာ ပုန်းခိုနေကြရတယ်။ အဓိက လေယာဉ်ကြောက်လို့” ဟု ပုလဲမြို့နယ်တွင် စစ်ဘေးရှောင်များကို အကူအညီပေးနေသူ လူငယ်ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article