26 C
Yangon

ကျွန်းစုမြို့နယ်တွင် အိမ်စီးကား ၂ စီးဖြင့် လက်နက်ခဲယမ်းများ တင်ဆောင်လာသော ရဲနှင့် ပျူစောထီးများကို ကြားဖြတ် တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး ၃ ဦး အရှင်မိကာ ၆၀ မမ လက်နက်ကြီး ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် အိမ်စီးကား ၂ စီးဖြင့် လက်နက်ခဲယမ်းများ တင်ဆောင်လာသော ရဲနှင့် ပျူစောထီးများကို ကြားဖြတ် တိုက်ခိုက်ရာ ၅ ဦးသေဆုံးပြီး ၃ ဦး အရှင်မိကာ ၆၀ မမ လက်နက်ကြီး ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျွန်းစုမြို့နယ်၊ ဘုရားထွက်ကျေးရွာဘက်မှ ပဲ့တိုင်ကျေးရွာပျူစောထီးစခန်းသို့ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော အိမ်စီးကား ၂ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ယမုံကျေးရွာအနီး ကားလမ်းပိုင်း တနေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း ပျူစောထီးနှင်ရဲများ ကားပေါ်မှ ဆင်းပြေးစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်း ပိတ်ဆို့ ပစ်ခတ်ခဲ့သောကြောင့် ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိက ခဲမိုင်းချောင်းအတွင်း ပြုတ်ကျခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ပျူစောထီးနှင့် ရဲများ အပါအဝင် ၅ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

တိုက်ခိုက်မှုအတွင်း ၎င်းတို့ ကားရစ်ခဲ့သော ကားပေါ်မှ ၆၀ မမ မော်တာပြောင်း ၁ ခု၊ ၆၀ မမ ဗုံး ၅ လုံး ၊ ၉မမ ကျည် ၃၈ တောင့်၊ နာနတ်သီးလက်ပစ်ဗုံး ၂ လုံး၊ အူဇီကျည်ဘောက် ၂ ခု ၊ ဓါးမြှောင် ၁ ချောင်း၊ ဖုန်း ၁ လုံးနှင့် ပျူစောထီးယူနီဖောင်း ၁ စုံ တို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း ယာဉ်မောင်း ၁ ဦး နှင့် ပျူစောထီးအဖွဲ့ဝင်ဟောင်း ၂ ဦးကိုလည်း အရှင်ဖမ်းမိပြီး စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း၊ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်းစုမြိုနယ်အတွင်းမှာရှိတဲ့ မင်းအောင်လှိုင် ဘက်တော်သားများအားလုံး ပြည်သူနဲ့ အတူပူးပေါင်းဖို့အချိန်တန်ပြီ ဖက်ဆစ်မင်းအောင်လှိုင်အတွက် အသက်တွေ အသေမခံကြပါနဲ့တော့လို့ပဲ ပြောချင်ပါတယ်။ သူတို့လက်နက်ခဲယမ်း တင်လာတဲ့ကားက ပြည်သူကားဆိုတော့ မီးရှို့တာတွေတော့ မလုပ်ခဲ့ဘူး။ ကျနော်တို့ ကားကို ဒီတိုင်းထားပြီး ဆုတ်ခွာခဲ့တယ်။ ကားကလည်း မောင်းလို့ မရတော့ဘူး” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article