ဒီကနေ့ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- NLD အစိုးရရဲ့ မဲစာရင်းတွေကို မှားယွင်းနေတယ်ဆိုပြီး ပထမဆုံး လိမ်လည်ပြောဆိုခဲ့တဲ့ ကြံ့ဖွတ်ပါတီဝင် ဗိုလ်ချုပ်ဟောင်း သောင်းအေး ဆိုသူက ကြံ့ဖွတ်အမတ်လောင်းတွေဟာ သာမန်မဟုတ်ဘူးလို့ ကြွေးကြော်လာပြန်ပါတယ်။
- မန္တလေးတိုင်းက ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီရပ်ကျေး ဥက္ကဋ္ဌ ညွန့်ဦး ဆိုသူ ဓားနဲ့ အထိုးခံရပြီး ပွဲချင်းပြီးကို သေသွားပြီလို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နမိတ်ထဲမှာ လမ်းပျောက်နေတဲ့ မြန်မာစစ်တပ်ဘက်က ဒုရဲမှူး စိုးသူရ အပါအဝင် ၅ ဦးကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




