19 C
Yangon

သမ္မတထရမ့်က မြန်မာများအတွက် ယာယီခိုလှုံခွင့်-TPS ဖျက်သိမ်းပြီးနောက် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ မိခင်နိုင်ငံ ပြန်လာလျှင် ကြိုဆိုဟု အကြမ်းဖက် ဇော်မင်းထွန်း ပြော

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

အမေရိကန်ရောက် မြန်မာနိုင်ငံသားများအတွက် ယာယီခိုလှုံခွင့် TPSကို အမေရိကန်အစိုးရက ရပ်ဆိုင်းလိုက်သဖြင့် မိခင်မြန်မာနိုင်ငံ ပြန်လာ ဆန္ဒမဲပေးကြရန် အကြမ်းဖက် ဇော်မင်းထွန်းက ယနေ့ ထုတ်ပြန် ပြောဆိုသည်။

မြန်မာနိုင်ငံအခြေအနေတိုးတက်လာ၍ အမေရိကန်ရောက် မြန်မာများအတွက် ပေးအပ်ထားသော ယာယီခိုလှုံခွင့် (TPS) ကို ရုပ်သိမ်းလိုက်ကြောင်း အမေရိကန်အစိုးရက ယမန်နေ့ ထုတ်ပြန်လာသည်။

မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေး၌ ထူး ခြားသော တိုးတက်မှုများ ရှိလာပြီဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုတွင် မြန်မာ (Burma/Myanmar) အတွက် ယာယီအကာ အကွယ်ပေးထားသည့် ခိုလှုံခွင့် (Temporary Protected Status – TPS) ကို ရပ်စဲကြောင်း၊ ယင်းရပ်စဲမှုမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် နေ့ စတင်အကျိုးသက်ရောက်မည် ဖြစ် ကြောင်း အမေရိကန်အစိုးရက ကြေညာသည်။

အကြမ်းဖက် ဇော်မင်းထွန်းက အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်မှာ အပြုသဘောဆောင်သည့် ထုတ်ပြန်ချက်ဖြစ်ကြောင်း၊ အမေရိကန်ရောက် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လာနိုင်ပြီး ကြိုဆိုကြောင်း၊ သို့ရာတွင် လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် ပြစ်မှုကြီး ကျူးလွန်သူများကို တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ကျန်သူများကိုမူ အထူးသက်ညှာစွာ ဖြေလျှော့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

“အခုကျွန်တော်တို့နိုင်ငံမှာ မကြာမီအချိန်အတွင်းမှာ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာ နိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး အထွေထွေ ရွေး ကောက် ပွဲမှာ မဲပေးနိုင်ပါတယ် “ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ မြန် မာနိုင်ငံသားများ ဘေးကင်းစွာ နေရပ်သို့ ပြန်နိုင်လောက်အောင် တိုးတက်လာပြီ ဖြစ်သောကြောင့် ယာယီအကာအကွယ်ပေးထားသည့် အခြေအနေကို အမေရိကန် ရပ်စဲလိုက်ခြင်း ဖြစ်ကြောင်း၊ မြန် မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေး၌ ထူးခြားသော တိုးတက်မှုများ ရှိလာခဲ့ပြီး ယင်းတို့တွင် အရေးပေါ်အခြေ အနေ ပြီးဆုံးခြင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများအတွက် စီမံချက်များ၊ အောင် မြင်သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ နှင့် ပိုမိုကောင်း မွန်သော ဒေသန္တရအုပ် ချုပ်ရေးကြောင့် ပြည်သူ့ဝန်ဆောင်မှု ပေးအပ်မှုနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးတို့ တိုးတက်လာကြောင်း ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုတွင် ယာယီခိုလှုံခွင့်ဖြင့် နေထိုင်ခွင့်ပေးထားသော မြနမာနိုင်ငံသား ၄၀၀၀ နီးပါးရှိကြောင်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article