22 C
Yangon

ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၅ ဦး သေဆုံးပြီး လက်နက် ၃၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးကျော်သေဆုံးပြီး လက်နက် ၃၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဦး – ဝက်လက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက် နံနက် ၈ နာရီခန့်က ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှ ထွက်လာသော အကြမ်း ဖက်စစ်တပ်မှ ဗိုလ်ကြီး ဆန်းညွန့်ထွန်း ဦးစီးသည့် တပ်မ ၃၃ လက်အောက်ခံ ခမရ-၁၁ ၊ ခလရ-၄၂ နှင့် ပျူစောထီးပူးပေါင်း အင်အား ၁၂၀ ခန့်သည် ပုဏ္ဏားကျေးရွာသို့ ဝင်ရောက်မီးရှို့နေစဉ် ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီ ၃၀ မိနစ်အထိ ကြာမြင့်ခဲ့ကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ၃၅ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ် ရာရှိကာ စစ်ကြောင်းပျက်၍ စိုင်နိုင်ကွေ့ရှိ စစ်တပ်စခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

“ကျနော်တို့မြို့နယ်တွင်းမှာ စစ်ရေးဖိအားကို တတ်နိုင်သလောက်လျော့ချဖို့အတွက် အသေး‌စိတ်တွေ မထုတ်ပြန်တော့တာ ကျနော်တို့က စစ်ကို စစ်လိုပဲမြင်တဲ့အတွက် မလိုလားအပ်တဲ့ကြွားဝါးမှုမျိုးတွေကို ရှောင်ရှားချင်တာမျိုးပါ” ဟု ပြည်သူ့အစေခံတော်လှန်ရေးတပ်ဦး – ဝက်လက်မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်သားများကိုင်ဆောင်အသုံးပြုုသော MA1 အမျိုးအစား သေနတ် ၁၁ လက် ၊ MA2 အမျိုးအစား သေနတ် ၃ လက် ၊ MA3 အမျိုးအစား သေနတ် ၁၀ လက် ၊ ငါးကြင်းမှီး-၂ လက် ၊ RPG ၁ လက် ၊ စနိုက်ဘာ ၁ လက် ၊ BA100 (စိန်ပြောင်း) ၃ လက် ၊ BA90 (စိန်ပြောင်း) ၁ လက် ၊ ဂျန်ဘာစက် ၁ လုံး ၊ ကျည်ဘောက် ၁၆ ဘောက် ၊ ၅.၅၆ ကျည် အတောင့် ၃၉၀ ၊ ၇.၆၂ ကျည် ၁၇၁၉ တောင့် ၊ RPG- ၄ ဖူး ၊ RPG ပို့ကျည် ၇ လုံး ၊ ကျည်ကာဦးထုပ်-၁၀ လုံး၊ လက်ကိုင်ဖုန်း – ၂၈ လုံး ၊ အီနာဂါ ဗုံးသီး ၁၉ လုံး နှင့် လက်ပစ်ဗုံး ၇ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂ ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး စီမံချက်ဖြင့် အမှတ် ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၁၇ တပ်ရင်းများ၊ ဝက်လက်မြို့နယ် ပကဖ၊ ဟံလင်းတိုက်နယ် ပကဖ၊ အမှတ် ၂ ရွှေဘိုခရိုင် Drone အဖွဲ့၊ အမှတ် ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၁၇ Drone အဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ Droneအဖွဲ့ နှင့်ဒေသခံ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article