25 C
Yangon

ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က စစ်ကြောင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော် သေဆုံး ကာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၁၀ ဦး ကျော်သေဆုံးကာ တော် လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ဖားကန့်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက် ညနေ ၆ နာရီ ၄၃ မိနစ်အချိန် ဖားကန့်မြို့နယ်၊ ဆန်း ကြွယ်ကျေးရွာ၊ ညောင်ပင်ကုန်းနှင့် ကုဋေမှော်ဘက်သို့ အကြမ်းဖက်စစ် တပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသောကြောင့် KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေ ဆုံးပြီး ပြန်ဆုတ်ပြေးသွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း သေဆုံးသူများတွင် စစ်ကြောင်းမှူးအဆင့် အရာရှိ တစ်ဦးပါဝင်ပြီး စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၆ နာရီ ၄၃ မိနစ်က ညနေခင်းပိုင်းကြီး ဆန်းကြွယ် ညောင်ပင်ကုန်းနဲ့ ကုဋေမှော် ဘက်မှာ တိုက်ပွဲဖြစ်တာ။ စခ ၁၀ ယောက်ကျော် သေတယ်။ သေတဲ့ အထဲမှာ စစ်ကြောင်းမှူး အ ဆင့် ပါသွားတယ်။ အရှင်ဖမ်းမိတာလည်းရှိတယ်။” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ ဆားမှော်ဘက်တွင် အ ကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး ခဲ့ကြောင်း၊ အလားတူ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကုဋေမှော်မီးသတ်ရုံး ထိမှန် ပေါက်ကွဲကာ မီး သတ်ဝန်ထမ်း ဦးရဲထွန်းတွင် လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။

“တော်လှန်ရေးတပ်ဖွဲ့ဝင်ကျတာ တိုက်ပွဲမဖြစ်ခင် မနက်ပိုင်းက ဆားမှော်ဘက်အသွား လူစုချိန် သတင်းပေးတဲ့သူရှိလို့ စစ်တပ်က ဒရုန်းနဲ့လာချတာမှာ ကျသွားရတာပါ။ ပြီးတော့ ကုဋေမှော်ဘက် ကိုလည်း လက်နက်ကြီးနဲ့ပစ်လို့ ကုဋေမှော် မီးသတ်ဝန်ထမ်း ရဲထွန်း လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိပြီး ဆေးရုံတင်ထားရတယ်။” ဟု ဖားကန့် သတင်းရင်းမြစ်က ပြောဆိုသည်။

ဖားကန့်မြို့သို့ မေလနှောင်းပိုင်းမှစတင်၍ အကြမ်းဖက်စစ်တပ်က စစ် ကြောင်း ထိုးဝင်ရောက်ခဲ့ပြီး ပြည်သူလူထုကို လက်နက်ကြီး၊ ဒရုန်း၊ လက် နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် ယနေ့အချိန်အထိ ပြည်သူ ၉၀ ဦးကျော် သေဆုံးကာ ၂၇၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article