စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီ၌ တပ်စွဲထားသော စစ်တပ်နှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော် သေဆုံးပြီး စစ်တပ်က ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ရန်ုကုန်ခေတ်သစ်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
အောက်တိုဘာလအတွင်း ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီအတွင်းသို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ မှ စစ်သား ၅၀၀ ခန့်ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ အင်အားဖြည့်တင်းပြီးနောက် အောက်တိုဘာလ ၁၉ ရက်နံနက် ၅ ခန့်မှ စ၍ ပြည်သူ ၂ ဦးကို လူသားဒိုင်းကာအဖြစ် အသုံးချပြီး ဆာလင်းမြို့နယ် အတွင်း လှည့်လည် စစ်ကြောင်းထိုးခဲ့ရာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်းထိုးကာ ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း များလုပ်ဆောင်နေမှုကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း စစ်သားများ တပ်စွဲထားရာ ဝမ်ပေါင်ကုမ္ပဏီအတွင်းသို့ ရော့ကတ်လက်နက်ကြီးများဖြင့် အလုံး ၅၀ ကျော်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲထဲမှာလည်း ထိခိုက်သေဆုံးမှုရှိတယ်။ လူသားဒိုင်းကာလုပ်ခံထားရတဲ့ ပြည်သူ ၂ ဦးလည်း သေသွားတယ်၊ တစ်ဦးက အသက်ရှင်မယ်ထင်တာ၊ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ ကြိုးစား ကုပြီး ဆေးရုံပို့လိုက်တယ်။ ဆေးရုံရောက်တော့ သေသွားတာ။ စစ်ကြောင်းက ဝမ်ပေါင်ထဲကနေ ထွက်လာလိုက်၊ ပြန်ဝင်လိုက်နဲ့ ဖြစ် နေတာ။ အဲဒါကြောင့် ရော့ကတ်နဲ့က ၃ ကြိမ်ကို အလုံး ၅၀ ကျော် လောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စုစုပေါင်းဆိုရင် စစ်သား သေဆုံးမှုက ၃၀ ကျော်ပြီ”ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ဖောင်းကတောရွာကို ဖြတ်ကာ ဆားလင်းကြီးမြို့ပေါ်ရှိ ရဲစခန်းကို အင်အားဖြည့်တင်းရန်ဖြစ်ပြီး အင်အားစုဖွဲ့မိပါက ဆားလင်းကြီးမြို့နယ်တစ်ခုလုံး စစ် ကြောင်းထိုးမွှေနှောက်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဆားလင်းကြီးမြို့နယ်ခြေ စိုက်တော်လှန်ရေးအင်းအားစုများက စုဖွဲ့မှုအားကောင်းကောင်းဖြင့် ခုခံတိုက်ခိုက်လျက်ရှိရာ တစ်လ ကျော်သည်အထိ ရှေ့ဆက်တိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အထိနာသော အကြမ်းဖက်စစ်တပ်က ဒေသနေပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပါရာမို တာဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ ထန်းပုရွာမှ ၂ ဦး၊ ဆည်းတည်းရွာမှ ၃ ဦး၊ သဲကော ကြီးရွာမှ ၂ ဦး၊ ကူးတို့ကုန်းရွာမှ ၁ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ထန်းပုရွာက ၂ ယောက်၊ ဆည်တည်းရွာက ၃ ယောက်၊ သဲကောကြီးရွာက၂ ယောက်၊ ကူးတို့ကုန်း ရွာက ၁ ယောက် စုစုပေါင်း ၈ ရောက်သေတယ်။ ၁၀ ယောက် ကျော်ဒဏ်ရာရတယ်။ စစ်ခွေး စစ် ကြောင်းကို PDF တွေ တိုက်တာ စစ်ခွေး ၃၀ နီးပါးသေတာလည်းဟုတ်ပါတယ်။ မှန်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းသတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သစ်ပင်ခြောက်ရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း People’s Defense Force- မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ သစ်ပင်ခြောက်ရွာအနီး၌ တပ်စွဲထားသော အကြမ်း ဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၄ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးသေစာရင်းက ၄ ဦးသေဆုံးတာပါ။ ရဲဘော်တွေကတော့ လဲကျတာမြင်တယ်လို့ပြောတယ်။ စစ်ခွေး အင်အားကတော့ ၅၀ ဝန်းကျင်ခန့် လောက်တော့ရှိတယ်။ စစ်ခွေးသေစာရင်းက ထပ်တိုးသေဆုံးတာမျိုးမရှိပါဘူး။ တော်လှန် ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ် “ဟု People’s Defense Force- မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၂) တပ်ရင်းနှင့် တနင်္သာရီပကဖပူးပေါင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် သတိရှိစွာ သွားလာကြပါရန် People’s Defense Force- မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




