32 C
Yangon

KNU သိမ်းပိုက်စစ်ဆေးနေသည့် DKBA ကျားဖြန့် အလုပ်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်၊ DKBA က ကျားဖြန့် အလုပ်ရုံများကို ဆက်လက်ကာကွယ်ပေးနေပြီး လက်နက်ကိုင်အဖွဲ့များ မလာရ နယ်မြေ သတ်မှတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် KNU သိမ်းပိုက်စစ်ဆေးနေသည့် မင်းလက်ပံကျေးရွာရှိ DKBA ကျားဖြန့် အလုပ်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ KNU က တိုက်ခိုက်သိမ်းပိုက် စီးနင်းထားသော မင်းလက်ပံကျေးရွာရှိ DKBA တပ်ဖွဲ့ပိုင် ကျားဖြန့်ငွေလိမ်လည် သော ခြံဝင်းကို အကြမ်းဖက်စစ်တပ်က အသေခံဒရုန်းမျာဖြင့်လည်းကောင်း၊ တိုက်လေယာဉ်ဖြင့်လည်းကောင်း ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြေပြင်တွင် ထိခိုက်မှု မရှိသော်လည်း မင်းလက်ပံ ကျေးရွာပတ်ဝန်းကျင် အုန်း တောခြံပိုင်း၊ ပြောင်းစိုက်ခင်းပိုင်းနှင့် သင်္ချိုင်းနေရာဘက်သို့ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။

“အရင်ရက်တွေကတည်းက စစ်တပ်က ကာမီကာဇေဒရုန်းနဲ့ ဗုံးလာကျဲတယ်၊ တရုတ် တွေ ထိခိုက်တာရှိတယ်။ ဒီဘက်က ဒရုန်း Guard နဲ့ ပစ်ဖမ်းတော့။ ဒရုန်းတွေ ပြုတ်ကျတယ်။ ပေါက်ကွဲတာမျိုးမရှိဘူး။ တရုတ်ဆိုက်မှာ ကကျားဖျန့် အလုပ်သမားတွေကို စစ်နေ မေးနေတုန်းပဲ ဆိုတော့သတိထားနေရတယ်။ နေ့လယ်တုန်းက ဂျက်ဖိုက်တာလာကျဲတာတော့ ရွာထဲက အုန်းပင်တောဘက်ကျပေါက်ကွဲတယ်။ အိမ်တွေခြံတွေထိတယ်။ တရုတ်ဆိုဒ်ဘက်တော့ မထိဘူး။ ရွာပြင်မှာကစစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲကဖြစ်နေတုန်းပဲ ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ မင်းလက်ပံ နှင့် အင်ကြင်းမြိုင် ကျေးရွာဘက်တွင် KNU က တိုက်ခိုက်သိမ်းပိုက် စစ်ဆေးနေသည့် DKBA ပိုင် ကျားဖျန့်ရုံ အပြင် အခြား ကျားဖျန့် ငွေလိမ် လုပ်ငန်း ခြံဝင်း ၁၀ ခုထက်မနည်းကျန်ရှိနေကြောင်း၊ ယင်းနေရာများတွင် DKBA ကလုံခြုံ ရေးတင်းကျပ်ကာ ငွေလိမ်လုပ်ငန်းဆက်လုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

” အင်ကြင်းမြိုင်၊ကျွန်း‌တော၊ မင်းလက်ပံ၊ဆီဆိုင် နေရာ တွေ မှာက တရုတ် အလုပ်ရုံတွေ ကျန် နေသေးတယ်၊ အကြီးနဲ့အသေး ဆို ရင် ကျားဖြန့် ၁၀ ရုံ လောက်ရှိ နေတယ်။ မီးစက်တွေ ဖွင့်ပြီး အလုပ်လုပ် နေတုန်းပဲ။ DKBA တွေလည်းရှိတယ်၊ ရွာအ ရှေ့ ဘက်မှာက စစ်တပ်နဲ့ က ကရင်အဖွဲ့ PDF အဖွဲ့ တွေ တိုကိပွဲ ဖြစ်တော။ လက်နက်ကြီးတွေလည်းပစ်တယ်၊ ကမ်းနားပိုင်း၊နဲ့ ရွာထဲပိုင်းကတော့ ကျည်ထိလိုက်၊အလုံးကြီးထိလိုက်အိမ်တွေဆိုင်တွေပျက်ကုန်တယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော DKBA က စစ်ရေးတင်းမာနေသည့် ဖလူး/ဝေါလေနှင့်စုကလိအထိ မည်သည့် လက်နက်ကိုင်အဖွဲ့ကိုမှ နယ်မြေ ဖြတ်သန်းသွားလာခွင့် ခွင်မပြု တော့ကြောင်းနှင့် အရေး ပေါ် ကိစ္စ သွားလာရန်ရှိပါက ကြိုတင်အကြောင်းကြား သတင်း ပို့ ညှိနှိုင်းပြီး မှ ဖြတ်သန်း သွားလာခွင့် ပြုမည် ဖြစ်ကြောင်း DKBA က သတင်းထုတ်ပြန်ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article