ရန်ကုန်၊ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွေးကို လာဘ်ပေးလာဘ်ယူမှု၊ စစ်ဆင်ရေးကျရှုံးမှုများဖြင့် ရာထူးမှ ဖယ်ရှား စစ်ခုံရုံးတင်လိုက်ပြီး ကလောမှ စစ်ဦးစီးတက္ကသိုလ်ကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ်ကျော်သူရကို တိုင်းမှူးအသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်ဖြစ်လာသော ဗိုလ်မှူးချုပ် ကျော်သူရမှာ ကလော စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ်မှ တိုင်းမှူးရာထူးသို့ ရာထူးတိုးပြောင်းရွှေ့လာခြင်းဖြစ်သည်။ ၎င်းမှာ စစ်တက္ကသိုလ်အပတ်စဉ် ၄၀ မှ ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး၊ စစ်ဦးစီးတက္ကသိုလ်တို့တွင် ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယခင်တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်အတွင်း စစ် ဆင်ရေး ရှုံးနိမ့်မှုများ၊ အမိန့်မနာခံမှုများကြောင့် နိုဝင်ဘာလ ဒုတိယအပတ်မှစတင်၍ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ကြီး ကြပ်ကွပ်ကဲစစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် လာဘ်ပေးလာဘ်ယူမှု၊ ရွှေတူးဖော်ခွင့်နှင့် တရားမဝင် သစ်ထုတ်လုပ်ခွင့်များစွာကိုလည်း လာဘ်ငွေကြေးများစွာ ရယူခဲ့ပြီး ခွင့်ပြုမှုများလည်း ပေါ်ပေါက်လာသဖြင့် ရာထူးမှ ဖယ်ရှား စစ်ခုံရုံးတင်ထားပြီဖြစ်ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်သွားခြင်း၊ စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေသော စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ချေမှုန်းခံရခြင်း အပါအဝင် စစ်ဆင်ရေး ရှုံးနိမ့်မှုများကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို စစ်တပ်က ဖမ်းဆီးကာ ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို နိုဝင် ဘာလ ၈ ရက်နေ့ ဦးပိုင်အမြတ်ငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားတွင် နောက်ဆုံးတွေ့မြင်ရပြီး ယင်းနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် အလုပ်သင်ဗိုလ် သင် တန်း (တေဇ- ၂၆)မှ ဖြစ်ပြီး၊ တပ်မ ၁၁၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ ကျောက်မဲ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တို့တွင် တပ်မမှူး တာဝန်ယူခဲ့သည်။
၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်နေ့ကိုးကန့် (MNDAA)နှင့် ပူးပေါင်းတပ်များက အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိသည့် လားရှိုးကို သိမ်းစဉ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့နှင့်အတူ ဗိုလ်မှူးချုပ်မျိုးမင်းထွေးကလည်း ကိုးကန့်MNDAA ထံတွင် လက် နက်ချအညံ့ခံခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ လားရှိုးတိုက်ပွဲတွင် လက်နက်ချအညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို မင်းအောင်လှိုင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




