25 C
Yangon

ထိုင်းရောက် အထောက်အထားမဲ့နှင့် သက်တမ်းကုန် မြန်မာ၊ လာအို၊ ဗီယက်နမ် အလုပ်သမားများကို ၁ နှစ် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုမည့် လူသစ်ဘတ် အစီအစဉ် ထိုင်းအစိုးရ ထုတ်ပြန်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေပြီး တရားဝင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထားမရှိသူများ၊ သက်တမ်းကုန်ဆုံးနေသူများနှင့် တရားမဝင် ဝင်ရောက်လာသူ မြန်မာ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို နိုင်ငံအတွင်း ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ၁ နှစ် ပြုလုပ်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လူသစ်ဘတ်အတွက် နိုင်ငံကူးလက်မှတ် သို့မဟုတ် ၎င်းနှင့်အစားထိုး အထောက်အထား စာရွက်စာတမ်း သက်တမ်းကုန်ဆုံးနေသူများ ၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် အစားထိုးစာရွက်စာတမ်းရှိသော်လည်း နေထိုင် ခွင့်သက်တမ်း ကျော်လွန်နေသူများ (Overstay) နှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ် သမားဝန်ကြီးဌာန၏ ကြေညာချက် မထုတ်ပြန်မီကတည်းက ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်နေထိုင်ကာ အလုပ်လုပ်ကိုင်လိုသူများ အကျုံးဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက လူသစ်ဘတ်အတွက် ခွင့်ပြုမိန့်ကြေညာစာထွက်သည့်နေ့မှ စ၍ ၁၅ ရက်အတွင်း အမည်စာရင်း တင်သွင်းရမည်ဟု ကြေညာထားပြီး လျှောက်လွှာကြေး ဘတ် ၁၀၀ ၊ အလုပ်လုပ်ကိုင်ခွင့် Work Permit ကြေး ဘတ် ၉၀၀ စုစုပေါင်း ဘတ် ၁၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း၊ ငွေသွင်းပြီးပါက အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားခြင်းလပ်ငန်းစဉ်အတွက် ပြင်ဆင်ချိန် ၇၅ ရက် ရရှိမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပါက အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် CI စာအုပ်များကို ရက်ပေါင်း ၁၈၀ အတွင်း (ရက်ထပ်တိုး လိုအပ်ပါက ထပ်တိုး၍) ပြုလုပ်ကာ ဗီဇာတုံးထုခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အလုပ်သမားများ၏ အသက် ၁၈ နှစ်အောက် ကလေးများကိုလည်း မိဘနှင့်အတူ နေထိုင်ခွင့်ပြုမည်ဖြစ်သော်လည်း ကလေးများအတွက် ကိုယ်ရေးရာဇဝင် မှတ်ပုံတင်ခြင်းနှင့် ကျန်းမာရေးအာမခံ ဝယ်ယူခြင်းများကို မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း လူသစ်ဘတ်အတွက် အမည်စာရင်းတင်သွင်းခြင်းကို မည်သည့်နေ့တွင် ခွင့်ပြုမည်ကိုမူ ထုတ်ပြန်စာတွင် ဖော်ပြထားခြင်း မရှိသေးပေ။

ဓာတ်ပုံ – ထိုင်း-မြန်မာနယ်စပ်မှ မဲဆောက်နယ်စပ်ဂိတ်။ Photo- AFP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ထိုင်း-မြန်မာနယ်စပ်မှ မဲဆောက်နယ်စပ်ဂိတ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article