မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း လောင်းပြည့်ရွာ ရွှေမျောဖောင်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ရွှေမျောတူးဖော်နေသည့် နေရာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသွားခြင်းဖြစ်ကြောင်း၊ လက်ရှိ ဗုံးကျဲမှုကြောင့် ရွှေမျောဖောင်များ ပျက်စီးမှုများရှိပြီး ရွှေတူးလုပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရှိရသည်။
“ရွှေမျော ဖောင် တွေပေါ်ကို လေယာဉ်နဲ့ ဗုံးကျဲချသွားတာ။ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ထပ်လာပြီး ဗုံးကျဲမှာစိုးရိမ်တော့ လောလောဆယ်တော့ ကူညီကယ်ဆယ်ရေး မလုပ်ရဲ သေးဘူး။ သေဆုံးထိခိုက်အရေအတွက် မသိရသေးဘူး” ဟု သင်တောကျေးရွာမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် မင်းကင်းမြို့နယ်၊ မြောက်ချွန်းရွာအနီးရှိ ရွှေမျောကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော A-5 Bomber ဂျက်ဖိုက်တာက ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။
နိုဝင်ဘာ၂၂ရက် နေ့ကလည်း ချင်းတွင်းမြစ်အတွင်း လောင်းပြည့်ရွာ ရွှေမျောဖောင်များကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ရွှေမျော လုပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ဓာတ်ပုံ – နိုဝင်ဘာလ ၂၂ ရက်နေ့ မင်းကင်းမြို့နယ်အတွင်းရှိ ရွှေမျောများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မီးလောင်နေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






