26 C
Yangon

ရေစကြိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေမှုကြောင့် ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရ၊ စစ်တပ်က ညောင်စောက်ရွာကို စတင်မီးရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ် ကြောင်းထိုးနေမှုကြောင့် ပြည်သူ ၅၀၀၀ ကျော်စစ်ဘေးရှောင်နေရပြီး စစ်တပ်က ယနေ့ နံနက်ပိုင်း ညောင်စောက်ကို စတင်မီးရှို့နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်က ဟောင်ဝှစ်ဇာ လက် နက်ကြီးများဖြင့် မြို့အနီးအနားရှိပတ် ဝန်းကျင်ကို ပစ်ခတ်ကာ မြေပြင်မှ ခလရ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းများမှ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း၊ ယနေ့ နိုဝင် ဘာလ ၂၇ ရက် နေ့တွင် ညောင်စောက်ကျေးရွာသို့ ရောက်ရှိနေသော စစ်သားများက ပြည်သူ့နေအိမ်များကို စတင်မီး ရှို့နေပြီး နေအိမ်မည်မျှ မီးလောင်ကျွမ်းနေသည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“လက်ရှိစစ်ကြောင်းက ပေါက်ကူရွာ၊ ရွာသစ်ရွာနဲ့‌ ညောင်စောက်ရွာမှာရောက်နေတာ။ ၃ ရက်မြောက် နေ့ကျမှ ညောင်စောက် ရွာက စစ် ကြောင်းက မီးရှို့နေတာပါ။ နေအိမ်ဘယ်နှစ်လုံးလောက် မီးလောင် သွားပြီလဲတော့ မသိရ သေးဘူး။ ရွာထဲမှာ စစ်ခွေးတွေရှိနေသေးလို့။ ရေစကြိုမြို့နဲ့ ထိစပ်ရွာတွေက ပြည်သူတွေစစ်ဘေး ရှောင်နေရတယ်။ ပြည်သူတွေ ဖမ်းဆီးခံရတာမျိုးတော့ မကြားမိသေးဘူး။ ရွာရှိ လူ အကုန်စစ်ဘေး ရှောင်နေကြရတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသနေ ပြည် သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး ၃ ရက်မြောက်ရှိပြီဖြစ်ကြောင်း၊ ဆောင်းရာသီဥတုအအေးဒဏ်ကို ကလေးငယ် များနှင့် အသက်ကြီးရွယ်အို လူကြီးများမှာ ပိုမိုခံစားနေကြရပြီး အရေးပေါ် ဆေးဝါး၊ အဝတ် အထည်၊ စောင်၊ စားသောက်စရာများလိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက် ချေမှုန်း လျက်ရှိပြီ စစ်သားများ ထိခိုက်သေဆုံးမှုများပြားနေသည်ဟု သိရှိရသော်လည်း သက်ဆိုင်ရာ တော် လှန်ရေးတပ်ဖွဲ့ များက ထုတ်ပြန်မှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article