25 C
Yangon

မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်နေ၊ ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ကမ်းဘေးတွင် ကျားဖြန့် အလုပ်ရုံများမှ ထွက်ပြေးလာသော တရုတ် အပါအဝင် နိုင်ငံခြားသား ရာပေါင်းများစွာ သောင်တင်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး ထန်းသုံးပင် ကျားဖြန့် အလုပ်ရုံနေရာအနီးတွင် စစ်တပ်နှင့် KNU တပ်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ လက်နက်ကြီးနှင့်လက်နက်ငယ်များ ပစ်ခတ်မှုကို ထိုင်းဘက်အခြမ်းမှပင်ကြားနေရပြီး ထိုင်းစစ်တပ်က အသင့်အနေအထား ပြင်ဆင်ထားကြောင်း သိရှိရသည်။

“ဒီမနက် တိုက်ပွဲဖြစ်နေတာက ဗိုလ်ဆန်းအောင်ရဲ့ ကျားဖြန့် တရုတ်ဆိုက် နေရာမှာ တိုက်ပွဲ ပြင်းထန်နေတယ်။ လက်နက်ကြီး တွေ မနက် စောစော ကတည်းက ပစ်နေတာ။ဖြစ်တာက မင်းလက်ပံ DKBA ဗိုလ်သခွားသီးရဲ့ ကျားဖြန့် ဆိုက် နားမှာပဲ ဖြစ်နေတာ။ ထန်းသုံးပင်ဆိုက် လို့ ခေါ်တဲ့ နေရာ အနောက်ဘက်မှာ ဖြစ်နေတာ။ မနေ့က ဂျက်လေယာဉ်နဲ့ တစ်ကြိမ်၊ Y-12 လေယာဉ်နဲ့ ၁ ကြိမ် ဗုံးကျဲသွားတယ်။ အဆောက် အဦး ထိခိုက်မှု တွေ ရှိ နေတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာ ကျားဖြန့် ဆိုက်မှ ထွက်ပြေးလာသော တရုတ်အပါအဝင် နိုင်ငံခြားသား တရုတ်ကျားဖြန့် ရာပေါင်းများစွာမှာ သောင်ရင်းမြစ်ကမ်းဘေးတွင် ထိုင်းဘက်သို့ ကူးရန် စောင့်ဆိုင်းနေကြောင်း ၊ နိုဝင်ဘာ ၂၅ ရက်နေ့ညပိုင်း သောင်ရင်းမြစ်ကမ်းဘေးတွင် စောင့်းဆိုင်းနေသော နိုင်ငံခြားသား ၆၀၀ ကျော်ကို ထိုင်းက ကမ်းကူးခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

“မင်းလက်ပံမှာ ပိတ်မိနေတဲ့တရုတ်နဲ့ နိုင်ငံခြားသားတွေကို နိုဝင်ဘာလ ၂၅ ရက်နေ့ ညက လူ ၆၀၀ ကျော်လောက်ကို ထိုင်းဘက်ကို ကူးခွင့်ပေးတယ်။ ပေး၀င်တယ်။ ဒါပေမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှာတော့ ပြန်ပိတ်လိုက်တယ။ ညဘက်တွေဆိုရင် ပေးသွင်းသလိုဖြစ်တော့ ညဘက်မှာ ကျားဖြန့်ခေါင်းဆောင်တွေပါလာမှာစိုးလို့ ပိတ်လိုက်တာ” ဟု ထိုင်းအာဏာပိုင်များနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

လက်ရှိ သောင်ရင်းမြစ်ကမ်းဘေးတွင် သောင်တင်နေသော တရုတ်နှင့် ကျားဖြန့်နိုင်ငံခြားသားများကို KNU က ထမင်းထုပ်များ ပေးဝေနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article