25 C
Yangon

ရေးမြို့နယ်တွင် စစ်တပ်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး မောင်ဖဲ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး မောင်ဖဲ ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Ye Guerrilla Force-ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၌ အကြမ်းဖက် စစ်တပ်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး မောင်ဖဲ ဆိုသူကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော မောင်ဖဲဆိုသူသည် အကြမ်းဖက် စစ်တပ် လိုအပ်နေသော လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းအား ထဲထဲဝင်ဝင်လုပ်ဆောင်ပေးခြင်း၊ စစ်တပ် အားကိုးပြီ ပြည်သူများအပေါ်ရိုင်းစိုင်းစွာဆက်ဆံခြင်း၊ ကျေးရွာအတွင်း ဆိုင်ကယ်များခိုးယူခြင်း၊လုယက်ခြင်းများကို စစ်တပ်အလိုကျ လုပ်ဆောင်ပေးနေသူဖြစ်ကြောင်း သိရှိရသည်။

“အဲကောင်က စစ်ခွေးအလိုကျ အလိုကျ ပေါ်တာဆွဲ ဖမ်းဆီးတာ၊ ပြည်သူတွေကို ရိုင်းစိုင်းစွာဆက် ဆံတာ၊ ကျေးရွာထဲမှာ ခိုးမှုပေါင်းစုံနဲ့ လုယက်မှု ပေါင်းစုံလုပ်နေတဲ့အတွက် ကျနော်တို့ ရေးပြောက်ကျားတပ်ရင်း (YGF) က ရှင်းလင်းအရေးယူလိုက်တာပါ။ ပွဲချင်းပြီးသေဆုံးပါတယ်။ အခုဖြစ်စဥ်က ပြန်ပြီးသတိပေးတာပဲ စစ်ကောင်စီနဲ့ ပတ်သက်နေတာတွေ သူတို့ လက်ကိုင်တုတ်အဖြစ်လုပ်နေတဲ့သူတွေ ရပ်တန်းက အမြန်ဆုံးရပ်ကြဖို့ စစ်ကောင်စီအလိုကျထဲထဲဝင်ဝင်လုပ်ပေးနေတဲ့သူတွေကိုလည်း ရှေ့ဆက်ပြီးတော့ အရေးယူဆောင်ရွက်သွားမယ်” ဟု Ye Guerrilla Force-ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူက ပြောဆိုသည်။

ဆက်လက်၍ ရေးမြို့နယ်အတွင်း စစ်အုပ်စုနှင့် ပက်သက်ပြီး တရားမဝင်ရွေးကောက်ပွဲသော်လည်းကောင်း၊ တခြားနေရာများသော်လည်း ကောင်း ထဲထဲဝင်ဝင်လုပ်ဆောင်နေသော မည်သူကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း Ye Guerrilla Force-ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article