25 C
Yangon

မုံရွာမြို့ပေါ်တွင် ၂ ရက်ဆက်တိုက် စစ်တပ်က လူငယ် ၄၀ကျော်ကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ၂ရက်ဆက်တိုက် အကြမ်းဖက်စစ်တပ် က လူငယ် ၄၀​ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နှင့် နိုဝင်ဘာလ ၂၆ ရက်နေ့တို့တွင် မုံရွာမြို့ပေါ်တွင် စစ်တပ်က နေ့ရောညပါ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အနည်းဆုံးလူငယ် ၄၀ ထက်မနည်းကို စစ်တပ်က စစ်မှုထမ်းခိုင်းရန်အတွက် ပေါ်ဆွဲတာ ဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်က ဖမ်းဆီးသွားသော လူငယ်များမှာ အသက် ၂၀ ကျော်အရွယ်များဖြစ်ကြောင်း၊ လူငယ်များကို မုံရွာမြို့ပေါ် ဌာနဆိုင်ရာ စုပေါင်းရုံးတွင် ချုပ်နှောင်ထားပြီး မိသားစုဝင်များနှင့်တွေ့ခွင့်မပေးကြောင်း သိရှိရသည်။

“နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဘုန်းစိုး ရေကန်အနီးလမ်းပေါ်မှာ စစ်ခွေးတွေက လူငယ် ၂၀ ကျော်ကို ဖမ်းဆီး ပေါ်တာဆွဲ ဖမ်းသွားတယ်။ အလုပ်သွားအလုပ်ပြန်နေတဲ့ လူငယ်တွေဆွဲတာပါ။ ညနေ ၃ နာရီခွဲ နောက်ပိုင်းမှာ ကား၆စီးနဲ့ စစ်ခွေး ပတ်ပြီး ပေါ်တာဆွဲတာပါ။ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ခွေးက မုံရွာမြို့ပေါ်ကို စျေးလာဝယ်တဲ့ လူငယ်တွေကိုလည်း ပေါ်တာဆွဲတယ်။ ၂ ရက်ပေါင်းကို စစ်ခွေး တွေ ပေါ်တာဆွဲဖမ်းဆီးတာ လူငယ် ၄၀ ကျော်လောက်ရှိတယ်။ လူငယ် ၄၀ ဦးကို မိသားနှင့် တွေ့ခွင့်မပေးဘဲ လက်ရှိ မုံရွာမြို့ပေါ် စုပေါင်းရုံးထဲမှာ ဖမ်းဆီးထားပါတယ် “ဟု လူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ရှင်းပြသည်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့အထိ ချောက်မြို့​ပေါ် ရပ်ကွက်များ၊ ခရီးသည်တင်ကားဂိတ်နှင့် ခရီးသည်တင်ကားများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စစ်ဆေးကာ လူငယ် ၁၈ ဦးထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များသည် အသက် ၁၉ နှစ်မှ အသက် ၂၄ နှစ်အရွယ်များဖြစ်ပြီး လက်ရှိချိန်တွင် ပေါ်တာဆွဲဖမ်းဆီးထားသော လူငယ် ၁၈ ဦးကို ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က ယခုလာမည့် ဒီဇင်ဘာလတွင် စစ်မှုထမ်းအပတ်စဉ် ၂၀ ကို ဖွင့်လှစ်မည်ဖြစ်ပြီး ယခုနိုဝင်ဘာလလယ်ပိုင်းကတည်းက ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက် ဖြစ်ပေါ်လျက်ရှိကြောင်း မြို့နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့ကြသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ရန်ကုန်တွင် စစ်တပ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် ရန်ကုန်တွင် စစ်တပ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article