25 C
Yangon

နိုင်ငံဖြတ်ကျော် ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို အကြမ်းဖက် စစ်တပ်က စနစ်တကျ ကာကွယ်ပြီး စစ်စရိတ်ရှာဖွေနေဟု မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ကြေညာ

Must read

🟥 နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှု နှိမ်နင်းရေး အလုပ်အဖွဲ့ ကို NMSP-ADက ဖွဲ့စည်း

ရန်ကုန်၊ နိုဝင်ဘာ ၂၇

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) နှင့် လူကုန်ကူးမှုလုပ်ငန်းများကို စနစ်တကျ အကာ အကွယ်ပေးကာ ကိုယ်ကျိုးစီးပွားရှာဖွေနေပြီး အဆိုပါ လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများကို စစ်လက်နက်များတပ်ဆင်၍ ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုနေကြောင်း မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသော လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှုများသည် မတော်တဆ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အကြမ်း ဖက်စစ်အာဏာရှင်နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များက တက်ကြွစွာ အားပေးကူညီကာ လုံခြုံရေးယူပေးထားခြင်း ဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များကြောင့် အဆိုပါ လုပ်ငန်းများ ကြီးထွားလာခြင်းဖြစ်ကြောင်း NMSP -AD ကပြောသည်။

လက်ရှိတွင် နိုင်ငံပေါင်း ၇၇ နိုင်ငံမှ ပြည်သူအများအပြား လူကုန်ကူးခံနေရပြီး အမေရိကန်၊ ယူကေနှင့် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဆုံးရှုံးမှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ရှိနေကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက အဆိုပါ တရားမဝင် အမြတ်အစွန်းများကို အသုံးပြု၍ စစ်ယန္တရားများကို တည်ဆောက်နေခြင်းသည် ဒေသတွင်းတည်ငြိမ်မှုကိုပါ ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် NMSP-AD အနေဖြင့် နိုင်ငံဖြတ်ကျော် ဆိုက်ဘာနှိမ်နင်းရေး အလုပ်အဖွဲ့ “Working Team” ကို ဖွဲ့စည်းလိုက်ပြီး လူကုန်ကူးခံရသူများအား ကူညီထောက်ပံ့ခြင်း၊ ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အမေရိကန် တရားရေးဌာနနှင့် FBI တို့က ဖွဲ့စည်းလိုက်သည့် Scam Center Strike Force အပါအဝင် ထိုင်း၊ တရုတ်၊ ယူကေ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၏ ရာဇဝတ်မှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ကြိုဆိုပြီး ယင်းအဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း NMSP-AD က ကြေညာသည်။

NMSP-AD အနေဖြင့် မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံကို နိုင်ငံဖြတ်ကျော် ငွေလိမ်လည်မှုလုပ်ငန်းများ ကင်းစင်သည့် ဒေသအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး၊ အဆိုပါ ရာဇဝတ်မှုများ၏ ဗဟိုချက်မဖြစ်သော အကြမ်းဖက်စစ်အာဏာရှင်များနှင့် ၎င်းတို့၏ လက်အောက်ခံများကို တရား စီရင်နိုင်ရေးအတွက် မဟာမိတ်တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article