25 C
Yangon

R2P နိုင်ငံတကာ ညီလာခံတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများကို NUG ကိုယ်စားလှယ်ရုံးက တင်ပြဆွေးနွေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြုလုပ်သည့် R2P နိုင်ငံတကာ ညီလာခံတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများကို NUG ကိုယ်စားလှယ်ရုံးက တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ပြုလုပ်သည့် International Conference Marking the 20th Anniversary of the Responsibility to Protect (R2P) ၊ North Korea Human Rights and Responsibility to Protect (R2P) ၌ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးမှ “စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ညီလာခံ၏ R2P Case Studies in Asia ကဏ္ဍတွင် သဘာပတိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း ရန်ဟီးလီ (ပါမောက္ခ အီရန်ဟီး) က “Myanmar and the Responsibility to Protect (R2P)” စာတမ်းနှင့် NUG ကိုယ်စားလှယ်ရုံးမှ ရုံးတာဝန်ခံ ဦးဝင်းပေါ်မောင်က “IS IT A CATASTROPHE?: The Situation of Human Rights in Myanmar Since the 2021 Military Coup” စာတမ်းတို့ကို တင်ပြပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့နောက် Fatima Ishaq က “ရိုဟင်ဂျာသက်သေခံချက်” ကိုလည်းကောင်း၊ သံတမန်ဟောင်း Pou Sothirak က “Cambodia Experience in Promoting R2P” ကိုလည်းကောင်း၊ တရားသူကြီး Baik Kang-Jin က “Experience as an ECCC Judge: Responsibilities, Limitations and Lessons of International Criminal Justice from the Perspective of R2P” ကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

People for Successful COrean REunification (PSCORE) နှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ ပူးတွဲကျင်းပသည့် R2P ညီလာခံ အနှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ် “မြောက်ကိုရီးယား လူ့အခွင့်အရေးနှင့် R2P” ကွန်ဖရန့်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း တက်ရောက်၍ –လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလေးထားလုပ်ဆောင်ရန် အဖွင့်စကားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် အပိုင်း ၆ ပိုင်းခွဲခြားကာ မြောက်ကိုရီးယား၏ လူ့အခွင့်အရေးအခြေအနေ ၊ နိုင်ငံတကာပါဝင်နိုင်မှု နှင့် R2P ဆက်စပ် လုပ်ငန်းစဉ်များ အကြောင်းကို ကဏ္ဍစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article