မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် ဝက္ကသေးတံတားပေါ်တွင် လက်နက်ခဲယမ်း တင်ဆောင်လာသော စစ်ကား ၁ စီး တိမ်းမှောက်ပြီး ပေါက် ကွဲမှု ဖြစ်ပွားကာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပုဏ္ဏဝတီတပ်ဖွဲ့ (တောင်တွင်းကြီး) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်အချိန် တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာ အရှေ့ဘက်ရှိ ဝက္ကသေးတံတားပေါ်တွင် ဝါးတင်လာသောကားနှင့် လက်နက်ခဲယမ်း တင်ဆောင်လာသော စစ်ကား ၁ စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွားကာ စစ်ကား တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းမှောက်သွားပြီးနောက် ခဏအကြာတွင် စစ်ကားပေါ်တင်လာသော လက်နက်ခဲယမ်းများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကားပေါ်လိုက်ပါသော စစ်သား ၅ ဦး သေဆုံးကာ ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ပေါက်ကွဲမှုအတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သော စစ်သား ၇ ဦးကို ပရပ်ကြယ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားကာ အရေးပေါ် ကုသနေရပြီး ဒဏ်ရာအခြေအနေ အလွန်ပြင်းထန်သောကြောင့် သေဆုံးနိုင်ကြောင်း သိရသည်။
“တောင်တွင်းကြီးမြို့နယ်ထဲက ဝက္ကသေးတံတားပေါ်မှာ လက်နက်ခဲယမ်း တင်ဆောင်လာသော စစ်ခွေးကားနဲ့ ဝါးတင်လာတဲ့ ကားတိုက်မိတာလို့ သိရတယ်။ စစ်ခွေးကားက ရှေ့ဘီးကျွတ်ထွက်ပြီး တိမ်းမှောက်သွားတာ အဲလိုတိမ်းမှောက်ပြီး လက်နက်ခဲယမ်းတွေ ပေါက်ကွဲတာ ကားပေါ် လိုက်ပါလာတဲ့ စစ်ခွေး ၅ ကောင်သေဆုံးတယ်။ ၇ ကောင်ကတော့ ပရပ်ကြယ်တိုက်နယ်ဆေးရုံမှာ အရေးပေါ် ကုသနေရတယ်။ ဒဏ်ရာပြင်းထန်လို့ သေဆုံးနိုင်တယ်လို့ သိရတယ်” ဟု ပုဏ္ဏဝတီတပ်ဖွဲ့ (တောင်တွင်းကြီး) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ လက်နက်ခဲယမ်း တင်ဆောင်လာသော ကားသည် ၁ နာရီခန့်အကြာ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





