ဒီကနေ့ ဒီဇင်ဘာ ၁ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တရုတ်နိုင်ငံနဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းလုပ်ဆောင်မယ့် မူဆယ်-မန္တလေး ရထားလမ်းသစ်ဖောက်လုပ်ရေး နိုင်ငံတော်အဆင့်စီမံကိန်း ဦးဆောင်ကော်မတီကို အဖွဲ့ဝင် ၁၉ ဦးနဲ့ မင်းအောင်လှိုင်က ဖွဲ့စည်းထားတယ်လို့ စစ်တပ်က ထုတ်ပြန်ထားတဲ့ပြန်တမ်းတွေအရ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကနေထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးပြီး ရုပ်အလောင်းတွေနဲ့လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ ပလိုင်း ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
- မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ အကြမ်းဖက်စစ်တပ်ကို ၃ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းမှူး ဗိုလ်ကြီး မင်းတေဇ အပါအဝင် စစ်သား ၄ ဦး သေဆုံးပြီး အလောင်းတွေကို မီးရှို့ဖျောက်ဖျက်သွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




