ရန်ကုန်၊ ဒီဇင်ဘာ ၁
ချင်းပြည်နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော စစ်ကြောင်း ၃ ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ဗိုလ်မှူး လှမျိုးထွဋ်အပါအဝင် ဗိုလ်ကြီး၊ စစ်သားအများအပြားကိုချေမှုန်းနိုင်ခဲ့ပြီး ချင်းတော် လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့ကြောင်း CDF Civic Defense Militia – CDM Siyin က ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။
ယခုနှစ် မေလမှ ဩဂုတ်လအတွင်းတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ကြောင်းထိုးလာသော အင် အား ၈၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ချင်းပြည်တပ်ပေါင်းစုနှင့် စစ်ဒေသ ၁ မဟာမိတ်အင်အား စုများက ခိုင်ကမ်းစစ်ကြောင်းဟု သတ်မှတ်ကာ အပြင်းအထန် ခုခံကာကွယ်ခဲ့ပြီး လက်နက်ခဲယမ်း တစ်ချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထိုသို့ ခုခံတိုက်ခိုက်မှုများအတွင်း တော်လှန်ရေးရဲဘော် ၁၂ ဦး ကျဆုံးကာ တ ချို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
သို့သော်လည်း စစ်တပ်စစ်ကြောင်းသည် အပြီးသတ်ဆုတ်ခွာသွားခြင်းမရှိဘဲ ချင်းပြည်နယ်အဝင် ၅ မိုင် ခန့်တစ်နေရာတွင် တပ်စခန်းအထိုင်ချကာ အင်အားဖြည့်တင်းလျက် ရှိနေခဲ့ကြောင်း သိရသည်။
စစ်တပ်က အောက်တိုဘာလကုန်ပိုင်းမှစ၍ တီးတိန်မြို့ပေါ်သို့ လေကြောင်းဖြင့် စစ်သားအင်အားများ အကြိမ်ကြိမ် ပြန်လည်ဖြည့်တင်းကာ နိုဝင်ဘာလဆန်းပိုင်းတွင် ချင်းပြည်နယ်အဝင် ခိုင်ကမ်းဘက်မှ သိုင်းငင်းဘက်သို့ ဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်း စတင် ထိုးစစ်ဆင်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ရက်အနည်းငယ်အတွင်း တီးတိန်မြို့မှ သိုင်းငင်းဘက်သို့ နောက်ထပ် စစ်ကြောင်းတစ် ကြောင်း နှင့် ကလေးတောင်ပိုင်းမှ ဝေဘူလ-ဖလမ်းမြို့ဘက်သို့ ဦးတည်၍ စစ်ကြောင်းတစ်ကြောင်း ထပ်မံ၍ ထိုးစစ် ဆင်လာခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က ချင်းပြည်အဝင် နေရာစုံမှ ထိုးလာသောကြောင့် ချင်းပြည်တပ်ပေါင်းစု အနေဖြင့် စုဖွဲ့ပြီး ခုခံတော်လှန်ရန် အခက်အခဲရှိခဲ့ကြောင်း၊ ထို့ကြောင့် ကိုယ့်နေရာ ကိုယ့်အဖွဲ့အစည်း အသီးသီးဖြင့် သာ ခုခံတော်လှန်ကြရင်း အင်အားမမျှတသောကြောင့် တဖြည်းဖြည်း ပြည်သူ့ဘက်တော်သား များ၏ ထိန်းချုပ်နေရာများ ပြန်လည် လက်လွတ်ခဲ့ရကြောင်း အသိပေးထားသည်။
ယင်းတိုက်ပွဲများအတွင်း သိုင်းငင်းဘက်သို့ ဦးတည်၍ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းမှ ဗိုလ်မှူး လှမျိုးထွဋ် အပါအဝင် စစ်ဗိုလ် အများအပြားကို ခုခံ ချေမှုန်းနိုင်ပြီး ချင်းပြည်၊ ချင်းလဲန်း အင်အားစုဘက်မှ ရဲဘော် ၇ ဦး မြင့်မြတ်စွာ အသက် ပေးဆပ်ခဲ့ရကောင်း သိရသည်။
ယခုအချိန်အထိတိုင် အကြမ်းဖက်စစ်တပ်ကို ဆက်လက် ခုခံတော်လှန်နေဆဲဖြစ်ပြီး ခရီးဆုံးတိုင် ဆက်လက် တိုက်ပွဲဝင်သွား မည် ဖြစ် ကြောင်း၊ ယခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ ထိုးစစ်တိုက်ပွဲများကို ချင်းပြည်တော်လှန်ရေး အင်အားစုများ အနေဖြင့် အကြိမ်ကြိမ် ခုခံတော်လှန်ခဲ့ကြောင်း CDF Civic Defense Militia – CDM Siyin အသိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




