27 C
Yangon

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၃ ဦးနှင့် ပျူစောထီး ၁ ဦးကို သတ် ဖြတ်ပြီး ရုပ်အလောင်းများကို တောထဲတွင် စွန့်ပစ်ခဲ့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးနှင့် ပျူစောထီး ၁ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို တောထဲတွင် စွန့်ပစ်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာမှ တောတိုက်အတွင်း စစ်ရှောင်နေသော အသက် ၃၃ အရွယ် ကိုငသိန်းကို စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သရက်ကန်ပျူစောထီးရွာ အတွင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ် ကြောင်းသည် သရက်ကန်ပျူစောထီးရွာမှ တဆင့် တွင်းမရွာဘက်သို့ ထွက်လာစဉ် လမ်းပိုင်းတနေရာ၌ ကိုငသိန်းကို သတ်ဖြတ်ပြီးရုပ်အလောင်းကို မြေရင့်ရွာ နှင့် နှမ်းဆီကန်ရွာ အကြားရှိ တောထဲတွင် စွန့်ပစ်ခဲ့ကြောင်း၊ ကိုသိန်း၏ ရုပ်အလောင်းတွင် ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာ ၂ ချက်နှင့် လည်ပင်း လှီးဖြတ်ထားသော ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ထိုစစ်တပ်စစ်ကြောင်းသည် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြိုင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှ ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သတ်ဖြတ်ကာ ရုပ်အလောင်းများကို တောထဲတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။

” သတ်သွားတာ ၃ ဦးရှိပြီး ၂၈ ရက်နေ့က အလောင်းတွေ့တာ ၁ ဦးရယ်။ အသွားတုန်းက နိုဝင် ဘာလ ၁၁ ရက်နေ့တုန်းက ရွာတန်းရှည်ကျေးရွာက ပြည်သူ ၂ ဦးရယ်။ စုစုပေါင်း ပြည်သူ ၃ ဦး အသတ်ခံရတာ အသွားစစ်ကြောင်းဆိုတာ သရက်ကန်ပျူစောထီးရွာကနေ စက်မှု ၂ ကို ဝင်တုန်းက မြိုင်မြို့နယ် ရွာတန်းရှည်ကျေးရွာက ပြည်သူ ၂ ဦးက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဖမ်းဆီးပြီး ၁၃ ဦးရက်နေ့မှာ သတ်ဖြတ်တာ ၂ ဦးရှိတယ်။ နောက်ပြီး အပြန်စစ်ကြောင်းပေါ့။ စက်မှု ၂ ကနေ သရက် ကန်ဘက်ကို ပြန်လာတဲ့ အချိန်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ဖမ်းခံရပြီး ၂၈ ရက်နေ့မှာ သတ်ဖြတ်ထားတဲ့ အလောင်းတွေ့တာပေါ့” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်သားများ သတ်ဖြတ်သွားသော ကိုငသိန်း၏ ရုပ်အလောင်းတွေ့ရှိသည့် နေ ရာနှင့် ၁ မိုင်ခန့်ဝေးသော နေရာတွင်လည်း ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးရွာမှ ပျူစောထီး မောင်ဇော်မင်းခိုင်၏ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း၊ ပျူစောထီး မောင်ဇော်မင်းခိုင်၏ ရုပ်အလောင်းတွင်လည်း အကြမ်းဖက် စစ်သားများ နှိပ်စက်ထားသော ဒဏ်ရာများတွေ့ရှိရကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article