27 C
Yangon

ဝက်လက်နှင့် ရွှေဘို မြို့နယ်တို့တွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၄ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၁၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နှင့် ရွှေဘိုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၄ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၁၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးရွာအတွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သား အင်အား ၁၀၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာကို ရွှေဘို ခလရ ၄၂ တပ်မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ၁၉ ကြိမ် ပစ်ကူးပေး တိုက်ခိုက်ခဲ့ပြီး မုံရွာ နမခ မှလည်း Gyrocopter ၃ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) ၊ ရွှေဘိုမြို့နယ် တိုက်နယ်(၅)ဂဠုန်ကြီးပကဖအဖွဲ့၊ တိုက်နယ် (၂)ပကဖအဖွဲ့တို့နှင့်ပူးပေါင်း၍ မဟာမိတ်ညီနောင်တပ်ရင်းများဖြစ်ကြသော(ရွှေဘိုခရိုင်တပ်ရင်း၁၅၊ ၁၈၊၂၃၊ ၂၆၊ ၉၇၀၆- Together We Can)နှင့် ဝက်လက်မြို့နယ် နယ်မြေခံ သိဒ္ဓိရှင်တိုက်နယ် ပကဖ၊ပတ္တမြားအဖွဲ့ နှင့် နယ်မြေခံပကဖအဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာကို အင်အားဖြည့်တင်းရန် ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရွှေဘိုမြို့ တောင်ဘက် မုဒ်ပေါက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ (ခမရ-၁၁) ၊ (ခလရ-၄၂) နှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် ရွှေဘို-မန္တလေး လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာစဉ် ညနေ ၅ နာရီခန့်ထိ တော်လှန်ရေး တပ်ဖွဲ့များ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ရွှေဘိုမြို့တောင်ဘက်မုဒ်ပေါက်သို့ စစ်တပ် စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ညီနောင်မဟာမိတ်တပ်ရင်း ၉၇၀၆ မှ တပ်ထောက်ဗိုလ် ၁ ဦးနှင့် ရွှေဘိုမြို့နယ် ပကဖ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ထံမှလည်း MA-1 သေနတ် ၅ လက် ၊ MA-2 သေနတ် ၂ လက်၊ MA-3 သေနတ် ၂ လက်၊ MA-4 သေနတ် ၁ လက်၊ RPG ၁ လက်၊ RPG ၁၃ ဖူး၊ ၆၀ မမ ၇ ဖူး၊ RPG ပို့ကျည် ၈ တောင့်၊ ကျည်ဘောက် ၁၁ ခု၊ အီနာဂါ ၂ ဖူး နှင့် နာနတ်သီး ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်ခွေးတွေဘက်က ၃၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေး စစ်ကြောင်းပျက်ပြီးတော့ ရွှေဘိုမြို့ တောင်ဘက်မုဒ်ပေါက်ကို ပြန်လည်ဝင်ရောက်သွားတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေး(PDO)အဖွဲ့၊ တိုက်နယ် (၁၊၂၊၃၊၄၊၅၊၆)ပကဖတိုက်ခိုက်ရေးအဖွဲ့များ၊ဒီပဲယင်းမြို့နယ်ပကဖ ဂဠုန်မင်းတိုက်ခိုက်ရေးအဖွဲ့နှင့် ရွှေဘိုမြို့နယ် ပကဖ Droneအဖွဲ့ ၊ တိုက်နယ်(၅)ပကဖ Drone အဖွဲ့နှင့် မဟာမိတ်ညီနောင်တပ်ရင်းများဖြစ်ကြသော(ရွှေဘိုခရိုင်တပ်ရင်း၁၅၊ ၁၈၊၂၃၊ ၂၆၊ ၉၇၀၆- Together We Can)တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article