မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၆ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း တောင်သာTTA-PDFမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ် သရက်တောကျေးရွာအတွင်း စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ထန်းပေါက်ကုန်းရွာနှင့် သရက်တောရွာကြားတွင် TTA PDF Drone အဖွဲ့က ၆၀ မမ ဗုံး ၃လုံး ၊ 1 kg ဗုံး ၁၂ လုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ထိတွေ့တိုက်ပွဲလည်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ခွေးစစ်ကြောင်းထိုးတာက နိုဝင်ဘာ ၁၇ရက်နေ့ နေ့လယ်ပိုင်း ကျောက်ပန်းတောင်းကနေ စစ်ကြောင်းထိုးလာတာ အင်အား ၁၀၀ ကျော်ပါတယ်။ နိုဝင်ဘာ ၁၈ ရ က်နေ့ သရက်တောရွာ အရောက်မှာ ဒရုန်းနဲ့ ဗုံးသီးအလုံးရေများစွာချခဲ့ပြီး ထန်းပေါက်ကုန်းရွာနဲ့ သရက်တောရွာကြားမှာလည်း စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးဘက်က ၆ ဦးထိခိုက်သေဆုံးတယ်လို့ ကနဦး သိရှိရတယ်။ နောက်နေ့မှာ အဲ့ခွေးကြောင်းက ကျနော်တို့ ခံစစ်ပြင်ထားတဲ့ဘက်ကနေမ၀င်တော့ပဲ ကမ်းဖြူရွာဘက်ကို စစ်ကြောင်းထိုးသွားတာ။ အခုလက်ရှိမှာတော့ စစ်ကြောင်းက ကျောက်ပန်းတောင်းနယ်ထဲမှာပဲ ရွာစဥ်လှည့် စစ် ကြောင်းထိုးနေပြီး ပြည်သူပိုင်ပစ္စည်းများခိုးယူနေပါတယ်။” ဟု တောင်သာTTA-PDFမှ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။
လတ်တလော စစ်တပ်စစ်ကြောင်းမှာ တောင်သာမြို့နယ်၊ နဂါးဗိုလ်ရွာနှင့် ကျွဲတလင်းရွာသို့ရောက်ရှိခဲ့ရာမှ ယခုအခါ ကျောက်ပန်းတောင်းမြို့နယ်၊ ယာကြီးကျေးရွာသို့ ရောက်ရှိသွားကြောင်း၊ နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြု နေထိုင်ကြရန် တော်လှန်ရေးတပ်များက သတိပေးထာသည်။
အဆိုပါတိုက်ခိုက်မှုကို Taung Tha People Defense Force နှင့်အတူ PPGFပုပ္ပါးအဖွဲ့၊ ညောင်ဦးရင်း၁၊ 21Bagan တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




