30 C
Yangon

ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးများကျရောက်ပြီးနောက်​ သောင်ရင်းမြစ်ကို ဖြတ်ကူးသော နယ်စပ်ဂိတ်များအားလုံးကို ထိုင်းအာဏာပိုင်များက ၇ ရက်တိတိ ပိတ်ပင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးများကျရောက်ပြီးနောက်​ သောင်ရင်းမြစ်ကို ဖြတ်ကူးသော နယ်စပ်ဂိတ်များအားလုံးကို ထိုင်းအာဏာပိုင်များက ၇ ရက်တိတိ ပိတ်ပင်လိုက်ကြောင်း ထိုင်းစစ်တပ်က တရားဝင် ကြေညာချက် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာရှိ KNU က စုံစမ်းစစ်ဆေးရေး လုပ်နေသော ကျားဖြန့် အလုပ်ရုံကို စစ်တပ်က သိမ်းပိုက်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်လာပြီး လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ရာမှ ထိုင်းဘက်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ ပျက်စီးခြင်းနှင့် လူ ၂ ဦးထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုင်းဘက်ကလည်း သတိပေး ပစ်ခတ်မှုများ ပြန်လည် လုပ်ဆောင်ခဲ့ပြီးနောက် နယ်စပ်သောင်ရင်းမြစ်ကမ်းကူး ဂိတ်များအားလုံးကို နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

“အမှတ် ၁ ချစ်ကြည်ရေးတံတားကတော့ ဖွင့်ထားတယ်။ ပိတ်တာက သောင်ရင်းမြစ်ကမ်းကို ဖြတ်ကူးတဲ့ သဘာ၀ လမ်းကြောင်းဂိတ်တွေ ပိတ်တာ။ မယ်ရမတ်၊ မဲဆာက်၊ ဖုတ်ဖရ၊ အုန်းဖန်၊ တားဆောင်ယန်း မှာရှိတဲ့ ကုန်စည်နဲ့ လူကူးတဲ့ ဂိတ်တွေ ပိတ်ကုန်တာ။ ကုန်ရော လူရော အကုန် ကမ်းကူးတာ ပိတ်လိုက်တာ။ အခြေအနေ မတည်မငြိမ်မချင်း ဆက်ပိတ်မယ်လို့ အမိန့်စာမှာ ရေးထားတယ်” ဟု ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ထိုင်းစစ်တပ်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအုပ်စု၊ အမှတ် ၄ မယ်ကိုင်ကင်ကျေးရွာနှင့် မျက်နှာ ချင်းဆိုင် မင်းလက်ပံ ကျေးရွာတွင် ဆက်လက်ပြင်းထန်နေ၍ လုံခြုံရေးကို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းဘက်အခြမ်းတွင် ထိုင်းစစ်တပ်က တိုးမြှင့်ထားကြောင်း သိရှိရသည်။

မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးရှိ ကျားဖြန့်ရုံများကို KNU က နိုဝင်ဘာလ ၂၁ ရက်နေ့ သိမ်းပိုက်ခဲ့ပြီး အဆိုပါနေရာများရှိ ကျားဖြန့် အလုပ်ရုံနှင့် ဝင်းများကို စုံစမ်းစစ်ဆေးရေးများ လုပ်ဆောင်နေချိန် စစ်တပ်က ထိုးစစ်များ အရှိန်အဟုန်မြှင့်နေခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article