19 C
Yangon

ညိုစော ဝန်ကြီးချုပ်ဖြစ်ပြီး ၄ လကျော်အကြာ လာဘ်ပေးလာဘ်ယူမှုများ၊ နီးစပ်သူများကို လုပ် ငန်း နှင့်လိုင်စင်ချထားပေးမှုများ၊ အလွဲ သုံးစားလုပ်နေသော လက်အောက် ငယ်သားများကို အကာ အကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ဗိုလ်ချုပ်ကြီးဟောင်း ညိုစောမှာ ဝန်ကြီးချုပ်ဖြစ်ပြီး ၄ လကျော်အကြာ လာဘ်လာဘ်ယူမှုများ၊ နီးစပ်သော အသိုင်းအ၀ိုင်းကို လုပ်ငန်းလုပ်ခွင့်နှင့် လိုင်စင်ချထားပေးမှုများ၊ အလွဲသုံးစား လုပ်နေသော လက်အောက်ငယ်များကို အကာအကွယ်ပေးမှုများဖြင့် နာမည်ပျက် အပုတ်နံ့လှိုင်ထွက်လာသော်လည်း တစ်စုံတစ်ရာ အရေးယူမှု မရှိသေးကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြော ဆိုသည်။

ယခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် မင်းအောင်လှိုင်က ညိုစောကို နိုင်ငံတော်ဝန်ကြီးချုပ် ရာထူး တာဝန်ပေး အပ်ပြီး နိုင်ငံ၏ အရေးပါသော ဘဏ္ဍာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ၊ ကုန်သွယ်ရေးဗဟိုအဖွဲ့ ၊ ရင်းနှီး မြှုပ်နှံမှုကော်မရှင် အပါအဝင် အမျိုးသားအဆင့် ကော်မတီနှင့် ဗဟိုကော်မတီ ၁၃ ခုတွင် ဥက္ကဋ္ဌနှင့် အရေး ပါသော ဆုံးဖြတ်သူအဖြစ် ခန့်အပ်ခဲ့သည်။

နိုဝင်ဘာလအတွင်း ဝန်ကြီးချုပ် ညိုစော၏ သူငယ်ချင်းအရင်းဖြစ်သူ ဒုဝန်ကြီး ဦးသန့်စင်နှင့် စွမ်း အင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော် တို့ကို စက်သုံး ဆီတင်သွင်းခွင့်နှင့် ဆီခွဲတမ်းများ ချထားပေးရာတွင် ငွေကျပ် ဘီလီယံ ၅၄၀ ကျော် အခွန်ကွာဟမှု ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ထောက် လှမ်းရေးက ဖမ်းဆီးအရေးယူခဲ့သည်။

ဖမ်းဆီးခံရသော စွမ်းအင်ဒုဝန်ကြီး သန့်စင်က စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်ခဲ့ပြီး ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ကြီးချုပ် ညိုစောထံမှ အတည်ပြုချက်ရယူ၍ စက်သုံးဆီ ခွဲတမ်းချပေးခြင်း၊ တင်သွင်းခွင့်နှင့် သယ်ယူခွင့်ပေးခြင်းများကို ခွင့်ပြုပေးခဲ့ရသူဖြစ်သည်။

စွမ်းအင်ဒုဝန်ကြီး သန့်စင်၏ အဂတိလိုက်စားမှုတွင် ဝန် ကြီးချုပ် ညိုစော တစ်နည်း တစ်ဖုံ ပါဝင်ပတ်သက်လျက်ရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် ညိုစော ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီကလည်း ၄ လအတွင်း သွင်းကုန်လိုင်စင်များနှင့် နိုင်ငံခြားငွေအသုံးပြုခွင့်များကို နီးစပ်သော အသိုင်းအ၀ိုင်းကို ချထားပေးခဲ့ရာ ယင်းကဲ့သို့ မမှန်မကန်လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး တိုင်ကြားမှုများရှိနေကြောင်း သိရှိရသည်။

“ဗိုလ်ချုပ် ညွှန့်စောကို အိတ်ကပ်ထဲ ထည့်ထား တဲ့ အတွက် ပွင့်ပွင့်လင်းလင်း ပြောရရင် ကုန်သည်တွေက သွင်းကုန်ပါမစ်တွေ ရနေတာ။ ခရိုနီတွေက သူတို့မှာ Import လိုင်စင်တွေ လိုသလောက် ရှိတယ်” ဟု မဟာနဒီထရေးဒင်းကုမ္ပ ဏီမှ ဒါရိုက်တာရဲမင်းလွင်က ပြောဆိုသည်။

ယင်းအပြင် သွင်းကုန်တင်သွင်းခွင့်ရရှိနေသော လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ ခြားငွေ သုံးစွဲခွင့်ရရှိရန်အတွက် ဝန်ကြီးချုပ်ညိုစောထံသို့ လာဘ် ထိုးရပြီး အနည်းဆုံး သိန်း ၅၀၀ မှ သိန်းထောင်ချီ လာဘ်ထိုးရကြောင်း၊ ဝန်ကြီးချုပ် ညိုစောထံသို့ တိုက်ရိုက်ပေးရခြင်းမဟုတ်ဘဲ သူ၏ လက် အောက် ငယ်သားအဖွဲ့များက လာဘ်ငွေရယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“သွင်းကုန်သမားတွေအတွက် အဓိက နိုင်ငံခြားငွေအသုံးပြုခွင့် ခွင့်ပြုချက်ရဖို့ပဲ။ အဲဒါအတွက်က နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီရဲ့ ခွင့်ပြုချက် လိုအပ်တယ်။ အဲဒီအတွက်က ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက် လက်မှတ်ရဖို့အတွက် လာဘ်ထိုးရတယ်” ဟု ကုန်သည်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ညိုစောမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်မယူမီ ဗိုလ်ချုပ်ကြီးရာထူးဖြင့် အကြမ်း ဖက် မင်းအောင် လှိုင်၏ အကြံပေး အဖြစ် လုပ်ခဲ့သူဖြစ်ကာ သန်းရွှေခေတ်တွင်လည်း သန်းရွှေ၏ စိတ်ချ ယုံကြည်အားကိုးရသော တပည့်ရင်းတစ်ဦးဖြစ်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

ညိုစောသည် ၂၀၂၀ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ်မှ အနားယူခဲ့ပြီး စစ်တပ်၏ အရန်အင်အားစာရင်းသွင်းခံခဲ့ရသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်း ညိုစောမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းMEC ဥက္ကဋ္ဌ၊ အင်း၀ဘဏ် ဥက္ကဋ္ဌ ၊ မင်းအောင်လှိုင်၏ အကြံပေး စသည့် ရာထူးများစွာကို ရယူခဲ့သည့်အပြင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက် ချုပ် စသည့် ရာထူး တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့ကာ အထက်နှင့်အောက် ဝေစား၊ မျှစား အကြား သဟဇာတ ဖြစ်အောင် နေထိုင်တတ်လွန်းသူ နာမည်ကြီးကာ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက အထူးသဘောကျခဲ့သူတစ်ဦးဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်က အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်လာသော အခါတွင်လည်း သန်းရွှေတပည့်အရင်း ညိုစောကို ပြန်လည် အသုံး ပြုပြီး အငြိမ်းစား အဖြစ် သတ်မှတ်နိုင်သော အရန်အင်အားထိုင်ခုံတွင် ထိုင်နေရသည့်တိုင် ညိုစောမှာ ရာထူးတာဝန်များစွာ ပေးအပ်ခံခဲ့ရကာ နောက် ဆုံးတွင် ဝန်ကြီး ချုပ်အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ခဲ့ပြန်သည်။

ညိုစောသည် ယနေ့ အချိန်အထိ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ နှင့်မိသားစုများထံသို့ အဝင် အထွက်ရှိပြီး သန်းရွှေ၏ လို အပ်ချက်များကို ၎င်းက အရေးတယူဂရုတစိုက် ဖြည့်ဆည်းပေးနေဆဲဖြစ်သည်ဟု တပ်သတင်းရင်းမြစ်တချို့ကဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article