19 C
Yangon

ဘုတလင်မြို့နယ်၊ ကံသာကျေးရွာကို Gyrocopter ၂ စီးဖြင့် စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသာကျေးရွာကို Gyrocopter ၂ စီးဖြင့် စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ၊အ ရှေ့ တောင်ခြမ်းရှိ၊ ကံသာကျေးရွာကို စစ်တပ်က Gyrocopter ၂ စီးဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ယင်းသို့ ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦး ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

” Gyrocopter ၂ စီး နဲ့ ကံသာရွာ တောင်ဖျားကို ဗုံးကျဲချသွားတာ။ ပြည်သူ ၂ ဦးကတော့ အသက်အန္တရာယ်အတွက်က‌တော့ မစိုးရိမ်ရပါဘူး။ ဘာတိုက်ပွဲမှမရှိဘူး။ အကြောင်းမဲ့ စစ်တပ်က ဗုံးလာကျဲချသွားတာ။ နေအိမ် ၂ လုံး ပျက်စီးတယ်။ ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ကံသာကျေးရွာမှာ ဘုတလင်မြို့ နှင့် စစ်တပ်အထိုင်ချထားသော အနောက်မြောက်တိုင်းစစ်ဌာနချုပ်အကြား တည်ရှိသော ကျေးရွာဖြစ်ပြီး စစ်တပ်၏ အကြိမ်ကြိမ် မီးရှို့ခံခဲ့ရသည့်ကျေးရွာဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article