နိုဝင်ဘာလ ၂၇ ရက်နေ့ ပုသိမ်မြို့တွင် ပြုလုပ်သော ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးပွဲတွင် ကြံ့ဖွတ်ခင်ရီက ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာတွင် စစ်တပ်နှင့်အဆင်ပြေသော ပါတီကိုသာလျှင် မဲပေးရမည်ဖြစ်ကြောင်း၊ စစ်တပ်နှင့်အဆင်မပြေသော အစိုးရသစ်မှာ တက်လာပြီး နောက်တစ်နေ့တွင် ပြုတ်ကျသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်နှင့်အဆင်ပြေသော ပါတီကို စံထား၍ ရွေးချယ်ရမည်ဖြစ်ကြောင်း ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။
“အစိုးရသစ်က တပ်မတော်နဲ့ ကျောချင်းကပ်၊ ရင်ချင်းကပ် မဆောင်ရွက်နိုင်ဘူးဆိုရင် သေချာတယ် ဒီအစိုးရ နောက်နေ့ ပြုတ်ကျမှာ။ ဒါကို စံထားပြီးရွေးရမယ်။ တိုင်းပြည်ပြန်လည် ထူထောင်ရေးမှာ အတွေ့အကြုံရှိသော အဖွဲ့အစည်းမျိုး၊ လူပုဂ္ဂိုလ်မျိုးအရေးကြီးတယ်။ ထူထောင်နိုင်တဲ့ စွမ်းရည်ရှိတဲ့ လူမျိုး၊ လုပ်ဖူးကိုင်ဖူးတဲ့လူမျိုးလိုတယ်” ဟု ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။
စစ်တပ်က ရွေးကောက်ပွဲလုပ်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲတွင် စစ်တပ်နှင့် သဟဇာတ ဖြစ်စွာ လက်တွဲ ဆောင်ရွက်နိုင်သူများကိုသာ မဲပေးရွေးချယ်ရန် ဒီဇင်ဘာလ ၁ ရက်နေ့ ပြင်ဦးလွင်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် တရားဝင် ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုလာသည်။
ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ စစ်တပ်က နိုင်ငံတော်တည်ရှိသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်း (Institution)ဖြစ်သဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ ဆန္ဒမဲပေးရန်လိုကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




