28 C
Yangon

ဆားတောင်မြို့ ၊သိမ်ကျောင်းတံတားအောက်တွင် စစ်တပ်က သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ ၊ စစ်တပ် စစ်ကြောင်းက ကျေးရွာ ၁၅ ရွာ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ သိမ်ကျောင်းတံတားအောက်တွင် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဆားတောင်မြို့ သိမ်ကျောင်းတံတားအောက်၌ အကြမ်းဖက် စစ်တပ်က သတ်ဖြတ်သွားသော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ဒေသပြည်သူများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရုပ်အလောင်းများတွေ့ရှိခဲ့သော နေရာကို ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလပိုင်းမှ စတင်၍ အကြိမ်ကြိမ် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရွာသာကြီးရွာမှ ထွက်လာပြီး မောက်ကဒီးရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကာ လက်ရှိချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်သားများ သတ်ဖြတ်သွားသော ပြည်သူ ၅ ဦးသည် မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရုပ်အလောင်းများမှာလည်း ပုပ်ပွနေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ဝက်လက်မြို့နယ်နှင့် ဆားတောင်မြို့ အနီးကို စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရသည်။

“ရုပ်အလောင်း ၅ လောင်းကို တွေ့တာက စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့နားက သိမ်ကျောင်း တံတားအောက်မှာတွေ့တာလို့ သိရတယ်။ ကျနော်တို့ အတည်ပြုနိုင်တာ စစ်ခွေးတွေက သတ်သွားတယ်လို့ သိရတယ်။ ဘယ်သူဘယ်ဝါတွေဆိုတာ အတည်မပြုနိုင်ဘူး။ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့နားကို စစ်ကြောင်းထိုးနေတာက ရွာသာကြီးရွာ စစ်ခွေးအထိုင်ကနေ ထွက်ပြီးတော့မှ ဆားတောင် ဘက်ကို ဝင်တဲ့ စစ်ခွေးစစ်ကြောင်းက သတ်ဖြတ်တာလို့ ယူဆရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ဝက်လက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာလနှင့် နိုဝင်ဘာလ အတွင်း ရွာတော်ကုန်းရွာ ၊ တမာကုန်းရွာ ၊ ထုံးဘိုရွာ ၊ မူးကြီးရွာ ၊ တံတားဦးရွာ ၊ လှတောရွာ ၊ ရွေကျင်ရွာ ၊ ခေါတောရွာ ၊ စိုင်နိုင်လေးရွာ ၊ လိန်ပင်ရွာ ၊ မြင်တော်ရွာ ၊ ဦးတည်ကုန်းရွာ ၊ သရက်ကြီးရွာ ၊ ဘုရားပြန်ရွာ ၊ ပင်ဇင်းရွာ နှင့် ကျီးကန်မြောက်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရာနှင့်ချီသော နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်ထိ ဝက်လက်မြို့နယ်အတွင်းရှိ ရွာသာကြီး ၊ ထုံးဘို ၊ တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကက္ကိုလ်စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး များ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၂ သောင်းကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article