ဒီကနေ့ ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးဟောင်း ညိုစော ဆိုသူဟာ ဝန်ကြီးချုပ်ဖြစ်ပြီး ၄ လကျော်အကြာမှာပဲ လာဘ်ပေးလာဘ်ယူမှုတွေ ၊ နီးစပ်သူတွေကို လုပ်ငန်းလိုင်စင်ချထားပေးမှုတွေ နဲ့ အလွဲ သုံးစားလုပ်နေတဲ့ လက်အောက် ငယ်သားတွေကို အကာအကွယ်ပေးမှုပေါင်းများစွာနဲ့ နာမည်ပျက်ပြီး အပုတ်နံ့လှိုင်လှိုင် ထွက်လာပေမယ့် အရေးယူမှု မရှိသေးဘူးလို့ နေပြည်တော်စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း ရွှေဘိုမြို့က အကြမ်းဖက် စစ်တပ်ရဲ့ ကန်တော်ဂိတ်မှာ စစ်သားတွေက ပြည်သူတွေဆီကနေ နေ့စဉ် ဓါးပြတိုက်တဲ့ပုံစံနဲ့ ငွေကျပ် သိန်းရာချီ ငွေညှစ်တောင်းယမ်းမှုတွေ လုပ်နေတဲ့အပြင် သီပေါမြို့နယ်မှာလည်း အကြမ်းဖက် စစ်တပ်သား ၂ ဦးက ဈေးဆိုင် ၂ ဆိုင်ကို ဓားပြဝင်တိုက်သွားပြန်တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်မြို့က မြို့နယ်အချို့မှာ အကြမ်းဖက် စစ်တပ်က သူတို့လုပ်မယ့် ရွေးကောက်ပွဲအတုကြီးအတွက် မဲစာရင်းကြည့်မယ့်သူမရှိလို့ဆိုပြီး အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးတာတွေ လုပ်နေပြန်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




