တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် ၈ မိုင်ခန့်သာဝေးသော ကျေးရွာချင်းဆက် တံတား ၃ ခုကို အကြမ်းဖက် စစ်တပ်က ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထားဝယ်မြို့နှင့် ၈ မိုင်ခန့်သာကွာဝေးသော သရက်ချောင်းမြို့နယ် အတွင်းရှိ ကျေးရွာချင်းဆက် တံတား ၃ ခုကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖျက်ဆီးခဲ့သော တံတား ၃ ခုမှာ မိုးရွေကူရွာဘက်သို့ သွားရောက်သည့် ရှင်မုတ္ထီး-ရောင်းမော် ကျေးရွာချင်းဆက်တံတား ၊ ရောင်းမော်-သဲတော ကျေးရွာချင်းဆက်တံတားနှင့် ကင်းရှေ့-စော်ဖျား ကျေးရွာချင်းဆက်တံတားတို့ ဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက ထား၀ယ်မြို့နဲ့ ၈ မိုင်ခန့်အကွာမှာရှိတဲ့ သရက်ချောင်းမြို့နယ်ထဲကရွာတွေကို ပစ်မှတ်ထားပြီး တံတားတွေဖျက်ဆီးခဲ့တယ်။ စုစုပေါင်းတံတား ၃ ခု ဖျက်ခံရပါတယ်။ မိုးရွေကူရွာဘက်ကိုသွားတဲ့ ရှင်မုတ္ထီး-ရောင်းမော်ရွာချင်းဆက်တံတား၊ ရောင်းမော်-သဲတော ရွာချင်းဆက်တံတားနဲ့ ကင်းရှေ့-စော်ဖျား ရွာချင်းဆက်တံတား တွေ ဖျက်ဆီးခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဆိတ်ချောင်းရွာသား ၁၀ ဦးကို ကျေးရွာအတွင်း ဝင်ရောက်စီးနင်းဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





