31 C
Yangon

သီပေါတွင် စစ်သား ၂ ဦးက ပြည်သူ့နေအိမ်များကို ဝင်ရောက်ဓားပြတိုက်ပြီး ပစ္စည်းများ လုယူ သွားမှု စစ်အရာရှိထံ တိုင်ကြားသောအခါမှ ဆိုလာပြားနှင့် ဘက်ထရီအိုးသာ ပြန်ပေးပြီး ငွေနှင့်စားသောက်ကုန်များ ပြန်မပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် စစ်သား ၂ ဦးက ပြည်သူ့နေအိမ်များကို ဝင်ရောက်ဓားပြတိုက်ပြီး ပစ္စည်းများ ယူဆောင်သွားမှု စစ်အရာရှိထံ တိုင်ကြားသောအခါမှ ဆိုလာပြားနှင့် ဘက်ထရီအိုးသာ ပြန်ပေးပြီး ငွေနှင့်စားသောက်ကုန်များ ပြန်မပေးကြောင်း ရှမ်းဒေသအခြေစိုက် SSPP Info က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၈ ရက် နံနက်အစောပိုင်း ၂ နာရီ ၂၀ မိနစ်အချိန် သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု ကွန်စံလိတ်ကျေးရွာရှိ နေအိမ်တစ်လုံးအတွင်း အကြမ်းဖက်စစ်သား ၂ ဦးက ဝင်ရောက်ပြီး အိမ်ရှင် များကို သေနတ်ဖြင့်ထောက်ကာ နေအိမ်နှင့်ဈေးဆိုင်အတွင်းကို မွှေနှောက်ကာ ငွေကျပ် ၇ သိန်း တန်ဖိုးရှိပစ္စည်းများနှင့်ငွေသားများကို ယူဆောင်သွားကြောင်း ၊ အလားတူ ယင်းနေ့ နံနက်အစောပိုင်း ၄ နာရီဝန်းကျင်၌လည်း အခြားနေအိမ်ဈေးဆိုင်အတွင်းသို့ ဝင်ရောက် ကာ အိမ်ရှင်များကို သေနတ်ဖြင့်ထောက်ထားပြီး ပစ္စည်းများကို‌ မွှေနှောက်ယူဆောင်သွားကြောင်း သိရသည်။

“အိမ်ရှင်ကလည်း စစ်သားဆိုတော့ တံခါးဖွင့်ပေးတာ အိမ်ထဲရောက်တာနဲ့ သေနတ်နဲ့ ထောက်ပြီး အိမ်ထဲ ဆိုင်ထဲက ပစ္စည်းတွေ မွှေတော့တာ ကုန်ပစ္စည်းတွေ ပိုက်ဆံတွေယူသွားတယ် နှစ်အိမ် စလုံး ဒီပုံစံနဲ့ပဲ ဓါးပြတိုက်သွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးကပြောကြားသည်။

ထိုသို့ ဓားပြတိုက်သည့် ကိစ္စနှင့်ပါတ်သက်ပြီး ရပ်ကျေးတာဝန်ရှိသူများက စစ်ကော်မရှင်အရာရှိများ ထံ တိုင်ကြားခဲ့ရာ ပြစ်မှုကျုးလွန်သူ တပ် သားနှစ်ဦး ယူဆောင်သွားသည့် ဘက် ထရီနှင့် ဆိုလာပြား ကို အိမ်ရှင်ထံ ပြန်လည်ပို့ဆောင်ပေးခဲ့သော်လည်း ကျန်ရှိသည့် စားသောက်ဖွယ်ရာ များနှင့်ငွေကြေးများကို ပြန်လည်ပေးခြင်းမရှိကြောင်း သိရသည်။

“ပြစ်မှုကျုးလွန်တဲ့ တပ်သားကိုတော့ အရေးယူမယ်လို့တော့ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအရေး ယူ မယ်တော့မသိဘူးပေါ့။ ယူသွားတဲ့ ဆိုလာပြားတွေ ဘက်ထရီအိုးတွေတော့ပြန်လာပို့ပေးပါပြီ။ ကျန် တဲ့စားသောက်ဖွယ်ရာတချို့တော့ သုံးကုန်ပြီမို့လို့ နောက်မှ ပြန်ဆောင်ရွက်ပေးမယ်လို့ ပြော တယ်။ အခုအထိတော့ ဘာမှပြန်မပေးသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ မိုးတေကျေးရွာအုပ်စုကို လွန်ခဲ့သည့် အောက်တိုဘာလက စစ်ကော်မရှင်တပ်က ထိုးစစ်ဆင် ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်ကော်မရှင်တပ် စိုးမိုးလှုပ်ရှားသည့် နေရာ ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article