19 C
Yangon

ထိုင်းနိုင်ငံတွင် မြန်မာများ တင်ဆောင်လာသည့် ကား တာယာဘီးပေါက်၍ တူးမြောင်းထဲ ပြုတ်ကျမှု မြန်မာနိုင်ငံသား ၉ ဦးသေဆုံးပြီး ကျန်ရစ်သူများကို အကြောင်းကြားနိုင်ရေး စုံစမ်းနေဆဲ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင်တွင် မြန်မာနိုင်ငံသား အလုပ်သမားများကို တင်ဆောင်လာသည့် ကား ၁ စီးမှာ တာယာပေါက်၍ တူးမြောင်းတစ်ခုထဲ ပြုတ်ကျခဲ့ပြီး မြန်မာနိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ကာ ကားသမား အပါအဝင် ၆ ဦး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်နှင့် ထိုင်းရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်အချိန် မြန်မာများ တင်ဆောင်လာသည့် ကားသည် တူးမြောင်းထဲ ပြုတ်ကျ၍ မြနမာနိုင်ငံသား ၉ ဦးရေနစ်သေဆုံးခဲ့ကြခြင်းဖြစ်ပြီး အထောက်အထားများအရ မြန်မာနိုင်ငံသားများ ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သော်လည်း ယခုအချိန်အထိ သေဆုံးသွားသောမြန်မာ နိုင်ငံသားများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုထံသို့ အကြောင်းကြားနိုင်ရေးမှာလည်း ထိုင်းအာဏာပိုင်များထံသို့ စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

အသက်ရှင် ကျန်ရစ်သူ ၆ ဦးမှာမူ ထိုင်းအာဏာပိုင်များ‌ရောက်ရှိချိန် နေရာမှ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ထိုင်းအာဏာပိုင်များက ယာဉ်မောင်းသူနှင့် ထွက်ပြေးတိမ်းရှောင်သူများကို ဆက်လက်စုံစမ်းနေပြီး မတော်တဆဖြစ်ပွားရသည့် အကြောင်းအရင်းကို စစ်ဆေးနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

“ကျနော်တို့ သိရသလောက်တော့ အခုထက်ထိ သေဆုံးသွားသူတွေရော ထွက်ပြေးသွားသူတွေရောက တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ် သမားတွေ ဖြစ်ဖို့များတယ်လို့ သိရတယ်။ ဘယ်သူဘယ်သူဝါတွေဆိုတာလည်း မေးမြန်းနေတုန်းပဲ။ သဂြိုလ်မယ့်ကိစ္စတွေက ဘယ်သူဘယ်ဝါ ဆိုတာနဲ့ မိသားစုခွင့်ပြုချက်မရရင် သဂြိုလ်ဖို့လည်း ခက်နိုင်တယ်။ တကယ်လို့ ထိုင်းအာဏာပိုင်ဘက်က မြန်မာတွေ သေဆုံးမှုအဖြစ် အတည်ပြုရင်တော့ ဘန်ကောက် မြန်မာသံရုံးဘက်ကိုတော့ အကြောင်း ကြားနိုင်ပါတယ်။ ကျနော်တို့ ဒီဘက်ကတော့ လူသားချင်းစာနာထောက်ထားမှုအနေနဲ့ အမှု ကို လေ့လာ မေးမြန်းတာပါ။ တကယ်လို့ တရားမဝင် မြန်မာအလုပ်သမားဆိုရင်လည်း သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ ထိခိုက်နစ်နာကြေးရသင့်ပါတယ်။ ရဖို့လည်း လုပ်ရမယ်ထင်ပါတယ်” ဟု ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ​သုံးသပ်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article