25 C
Yangon

မြဝတီမြို့ပေါ်တွင် BGF အချင်းချင်းပစ်ခတ်မှုဖြစ်ပြီးနောက် ထွက်ပြေးသည့် ကျားဖြန့်တရုတ်နိုင်ငံသား ၂ ဦး ကို ဖမ်းဆီး ရိုက်နှက် စစ်ဆေးရာမှ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်တွင် BGF အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ထွက်ပြေးသည့် တရုတ်၂ ဦးကို BGF တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးရာ ၁ ဦး သေဆုံးသွားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂ ရက် နံနက် ၁၁ နာရီခန့်အချိန် မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များက ကျားဖြန့်လုပ်ကိုင်ရန် အငှားချထားသည့် အခြား BGF ၁ ဦး၏ နေအိမ်ကို လိုင်းကြေးလာရောက်ကောက်ယူခဲ့ကြောင်း၊ ထိုသို့ကောက်ယူမှုကြောင့် BGF အချင်းချင်းအပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုအတွင်း ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂ ဦးက နေအိမ်မှ ထွက်ပြေး သွားကြောင်း၊ ယင်းတရုတ်နိုင်ငံသား ၂ ဦးကို ငွေလာကောက်သည့် BGF တပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ရပ်ကွက်နေပြည်သူများလည်း ကြောက်လန့်မှု ဖြစ်ခဲ့ပြီး ယင်း တ ရုတ်နိုင်ငံသား ၂ ဦးလည်းကို ရပ်ကွက်နေပြည်သူများကပင်ဖမ်းဆီးပြီး BGF တပ်ဖွဲ့ဝင်များလက်သို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိသည့် တရုတ်နိုင်ငံသား ၂ ဦးကို အောင်ဇမ္ဗူလင်း ဟိုတယ်ဝင်းအတွင်းရှိ BGF စည်းကမ်း ထိန်းသိန်း ရေးရုံး၌ ရိုက်နှက်စစ်ဆေးခဲ့ရာမှ တရုတ်နိုင်ငံသား ၁ ဦးမှာ ဖမ်းဆီးနှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

“ကျားဖြန့် အငှားချပြီး ကျားဖြန့်လုပ်နေတဲ့ BGF အိမ်ကို လိုင်းကြေးလာကောက်တဲ့ BGF နဲ့ ငြိကြ တာ။ အိမ်ထဲနဲ့ အိမ်ပြင်ပစ်ကြတာ၊ တရုတ်တွေကပါဝင်ပစ်တော့ ရှုတ်ကုန်ရော၊ ပြီးတော့ အဲဒီအိမ်က တရုတ် ၂ ယောက်ထွက်ပြေးတယ်။ ရပ်ကွက်က ဝိုင်းဖမ်းပြီး BGF ကို ပေးတော့ အောင်ဇမ္ဗူလင်း ဟို တယ်ဝန်းထဲက တရုတ်တွေထားတဲ့ စစ်ကြောရေးရုံးထဲမှာ ထုစစ်တာကနေ လက်လွန်ပြီးသေတာ။ သေတာ တစ် ယောက်တည်းပဲ၊ BGF စည်းကမ်းထိန်းသိမ်းရေးရုံးမှာ ထုထောင်းစစ်ရင်းသေတာပါ”ဟု ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article