ဒီကနေ့ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကမ္ဘာပေါ်မှာ နိုဗယ်ဆုပြီးရင် ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်တဲ့ Right Livelihood Award ဆုကို မြန်မာအကြမ်းဖက် စစ်အုပ်စုရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ဖော်ထုတ်နေတဲ့ Justice For Myanmar က ရရှိသွားပြီး အဲဒီဆုကို ကိုယ်စားတက်ယူခဲ့တဲ့ ဆွီဒင် တက်ကြွလှုပ်ရှားသူကမြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
- မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ လူမှုရေးဖောက်ပြန်တဲ့ အကြမ်းဖက် စစ်တပ်ရဲ့ စရဖ ဗိုလ်ကြီး ကျော်မျိုးဦး နဲ့ ထွေ/အုပ်စာရေးမ ခင်နီလာထွေး ဆိုသူတို့ကို တပ် ကြပ်ကြီး ၁ ဦးက ပစ်သတ်လိုက်ပြီး သူ ကိုယ်တိုင်လည်း အဖမ်းခံလိုက်တယ်လို့ ပွင့်ဖြူမြို့နယ် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ညာတောကျေးရွာအုပ်စုမှာ ပြည်သူတွေကို စစ်တပ်အားကိုးနဲ့ နည်းမျိုးစုံအနိုင်ကျင့်ဖိနှိပ်ခြိမ်းခြောက်နေတဲ့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး ဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦးကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်ရှင်းလင်းရာမှာ ၃ ဦးစလုံး ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်း သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




