25 C
Yangon

မိုးကုတ်မြို့ပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

အကြမ်းဖက်စစ်တပ်က ပြန်လည် သိမ်းပိုက်ထားသော မိုးကုတ်မြို့ပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း မိုးကုတ်ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ မိုးကုတ်မြို့​ဆေးရုံဝင်းနှင့် ကျောင်းကြီးဝင်းထဲသို့ ဒရုန်းဖြင့် ဗုံး ၃ လုံးကျဲချခဲ့ကြောင်း၊ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် မြို့ပြင်ဘက်သို့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၀၀ နာရီ ၅ မိနစ်အချိန် စစ်တပ်က လေယာဉ်ဖြင့် မိုးကုတ်မြို့ပြင် အနောက်ဘက်ပိုင်း နေရာများကို ဗုံးများကျဲချသွားကြောင်း ၊ အဆိုပါ ဗုံးကျဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း မိုးကုတ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် မိုးကုတ်မြို့ အနောက်ပိုင်း ကျောက်ပုံကြက်နှစ်ဖဘက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပင့်ကူတောင်ပေါ်မှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“အခု အဓိက တိုက်ပွဲဖြစ်တာက မိုးကုတ်အနောက်ပိုင်းမြို့ပြင်ဘကပဲ။ အနောက်ပိုင်းကို စစ်တပ်က ဒီနေ့ မနက်အစောကြီး လေယာဉ်နဲ့ ဗုံးလာကျဲတာ တောထဲကျသွားတယ်လို့သိရတယ်။ အခုထက်ထိတော့ လက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ။ တပ်ကလည်း ပတ်ပတ်လည် အ၀ိုင်းခံထားရသလိုဖြစ်တော့ လက်နက်ကြီးနဲ့ ရမ်းထုနေတာ” ဟု မိုးကုတ်ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးကုတ်မြို့အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ မိုးကုတ်မြို့ပြင်ရှိ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article