စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ထောက်ကြံ့ကုန်ကျေးရွာအနီး ချင်းတွင်းမြစ်ဆိပ်ကမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး စက်လှေ ၁ စီးမီးလောင်ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်တပ်က ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းကျေး ရွာအနီး ချင်းတွင်းမြစ်ဆိပ်ကမ်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခြင်းဖြစ်ပြီး Gyrocopter ၂ စီး၊ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“တံတားဦးလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ် ၂ စီးနဲ့ နမခက တက်လာတဲ့Gyrocopter ၂ စီး နဲ့ ဗုံးကျဲချတာပါ။ သူတို့ ဗုံးကျဲချတာက မြို့နယ်စစ်ဆေးရေးဂိတ်ကို ချတာနဲ့တူတယ်။ ချတဲ့တည်နေရာမှားပြီး ချသွား တော့ ဆိပ်ကမ်းမှာ ရပ်ထားတဲ့ မော် တော်စက်လှေ ၁ စီး ပေါ်ကျပြီး မီး လောင်တယ်။ စက်လှေမောင်းသမား အပါအဝင် ခရီးသည်တွေ သေဆုံးထိခိုက်တယ်။ လော လောဆယ် အ လောင်း ၂ လောင်းနဲ့ ဒဏ်ရာရသူ၂ ဦးလို့ အတည်ပြုလို့ရပါတယ်။ နောက်ထပ်သေဆုံးသူ တွေလည်း ရှိနိုင် သေးတယ်။ မော် တော်ပေါ်ပါလာသူတွေအကုန်လုံးလေယာဉ်နဲ့ ဗုံးကျဲချချိန်မှာ မြစ်ထဲအကုန်ချကြတာဆို တော့ ပျောက်ဆုံး နေသူတွေလည်း ရှိနိုင် သေးတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် စစ်တပ်က ကနီမြို့နယ်နှင့် ထိစပ် နေသည့် ဘုတလင်မြိုနယ်ကိုလည်း ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်း လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







