21 C
Yangon

မြ၀တီမြို့ပေါ်ရှိ BGF ပိုင် ကျားဖြန့်ရုံများကို စစ်တပ်က ဝင်ရောက်စီးနင်း ဖောက်ခွဲ၍ ညတွင်းချင်း ကျားဖြန့် လုပ်သားများ ၀ရုန်းသုန်းကား ထွက်ပြေး၊ ကျားဖြန့် တရုတ်သူဌေးများနှင့် ခေါင်းဆောင်များကို BGF ဗိုလ်တင်ဝင်းက စခန်းသစ်သို့ ပြောင်းရွှေ့ထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ကရင်ပြည်နယ်၊မြ၀တီမြို့ပေါ်ရှိ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ပိုင် ကျားဖြန့်ရုံများကို စစ်တပ်က ဝင်ရောက်စီးနင်း ဖောက် ခွဲ၍ ညတွင်းချင်း ကျားဖြန့် လုပ်သားများ ၀ရုန်းသုန်းကား ထွက်ပြေးခဲ့ကြကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မြ၀တီမြို့ ၊ ကြံခင်းလမ်းရှိ ၆၆၉ ကျားဖြန့်ရုံကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဖောက်ခွဲ လိုက်ကြောင်း၊ ထိုပြင် မြ၀တီမြို့ပေါ်မှ ကျားဖြန့်လုပ်သား ၂၅၀ နီးပါးတို့ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ထို့ကြောင့် ယမန်နေ့ညပိုင်း သုညဂိတ်၊တစ်ဂိတ်နှင့်UK,ကျားဖြန့်ရုံများမှ ကျားဖြန့် အလုပ်သားများမှာ ညတွင်းချင်း ၀ရုန်းသုန်းကားထွက်ပြေးကြကြောင်း သိရှိရသည်။

“မြဝတီ မြို့ပြင် နား က သဲပုံ၊ UK ၊ ၆၆၉ ဂိတ်မှာရှိတဲ့ ကျားဖြန့်ရုံတွေကို စစ်တပ်က ဝင်စီးတဲ့အတွက် ကျားဖြန့်ရုံတွေက လုပ်သားတွေ အလုံးအရင်းနဲ့ ညတွင်းချင်း ထွက်ပြေးကြတယ်။ ၆၆၉ ဂိတ် ကျားဖြန့်ဝင်းက BGF တွေ ပိုင်တဲ့ ဂိတ်ဝင်းပါ။ သဲပုံ ဂိတ်က BGF မုတ်သုန်ရဲ့ ဂိတ်ဝင်း၊UK က BGF ဗိုလ်တင်ဝင်းရဲ့ ဂိတ်ဝင်း” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က BGF များ၏ ကျားဖြန့်ရုံများကို ဝင်ရောက်မစီးနင်းမီ အဓိက ကျသော ကျားဖြန့် တရုတ်သူဌေးများနှင့် ကျားဖြန့် ဆိုဒ်ခေါင်းဆောင် တရုတ်များကို BGF ဗိုလ်တင်ဝင်းက ၎င်းပိုင် တပ်နယ် ၂ ဖြစ်သော သစ်ကတောကျေးရွာ BGF စခန်းသစ်ထံသို့ ကားများဖြင့် ရွှေ့ပြောင်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့တွင် မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ကျားဖြန့် လောင်းကစားရုံများကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂၅ ဦး၊ မြန်မာနိုင်ငံသား ၂၂၃ ဦး စုစုပေါင်း ၂၄၈ ဦးကို ဖမ်း ဆီးခဲ့ကြောင်း၊ ၎င်းတို့ထံမှ ကွန်ပျူတာမျိုးစုံ ၈၂ လုံး၊ မိုဘိုင်းဖုန်း ၉၂ လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကျားဖြန့် ၃ ထပ် အဆောက်အအုံ ၅ လုံး၊ ၁ ထပ် အဆောက်အအုံ ၃ လုံး၊ စုစုပေါင်း ၈ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ရပြီး ပြန်လည်အသုံးချမှုမရှိစေရေးအတွက် ၃ ထပ်အဆောက်အအုံ ၁ လုံးကို ယမန်နေ့တွင် စစ်တပ်က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း စစ်တပ်က သတင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article