21 C
Yangon

ပခုက္ကူနှင့် မြိုင်မြို့နယ် အစပ်တွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား အလောင်း ၁ လောင်းနှင့် ခဲယမ်းများ သိမ်းဆည်းရရှိပြီး ပြည်သူ ၂ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် နှင့် မြိုင်မြို့နယ် အစပ်တွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား အလောင်း ၁ လောင်းနှင့် ခဲယမ်းများ သိမ်းဆည်းရရှိပြီး ပြည်သူ ၂ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် ညောင်ဂျစ်ပင်ပျူစခန်းအနီး၌ အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်သားများ ထိခိုက်မှုရှိပြီး ၎င်းတို့ စီးနင်းလာသော ကားကို လမ်းပိုင်းတစ်နေရာတွင် ထားခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်သားများ ဖမ်းဆီးလာသော ကားပေါ်တွင်လိုက်ပါလာသည့် ကမ္မမြို့ အမှတ် ၃ ရပ်ကွက်မှ ပြည်သူ ၂ ဦးကိုလည်း ကမ္မတပ်ပေါင်းစုက နယ်မြေရှင်းလင်း၍ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့တွင် ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာတပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်း၊ ၄၁၈ တပ်ရင်းနှင့် ၄၁၉ တပ်ရင်းမှ စစ်သားများ လိုက်ပါလာသော စစ်ကြောင်းကို တော်လန်ရေး တပ်ဖွဲ့များက ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်ခဲ့သော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သား အလောင်း ၁ လောင်းနှင့် လက် နက်ကြီးကျည်များ အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ပခုက္ကူနဲ့ မြိုင် အစပ်မှာ စစ်ခွေး စစ်ကြောင်းကော စစ်ခွေးတွေ လိုက်ပါလာတဲ့ ကားကိုကော မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေ ထိခိုက်မှုများပါတယ်။ ကျနော်တို့ နယ်မြေရှင်းလင်းတဲ့ အချိန်မှာတော့ စစ်ခွေး အလောင်း ၁ လောင်းနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်။ စစ်ခွေးတွေ ဖမ်းလာတဲ့ ပြည်သူ ၂ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကမ္မတပ်ပေါင်းစုသည် MAGWAY PDF ၊ မြိုင်ပကဖ ၊ ပေါက်ပကဖ၊ ဒေသတွင်းတပ်ပေါင်းစုများဖြစ်သော ပခုက္ကူ ခရိုင်လိုကယ်တပ်ရင်း၊ ပခုက္ကူခရိုင် စစ်ကြောင်းများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

(သေဆုံးသွားသော စစ်သား၏ အလောင်းနှင့်ခြေပြတ်ပုံကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article