ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာတွင် KIO ရဲတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးသွား ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် ညပိုင်း ဖားကန့်မြို့နယ်၊ ယူမာကျေးရွာ၊ ရွှေကျောက်ဆောင် စတိုးဆိုင်အနီးတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း၊ ယင်းအမျိုးသား၏အလောင်းကို ယနေ့နံနက်ပိုင်း KIO/KIA တပ်ဖွဲ့က စစ်ဆေး ခဲ့ရာ ဆိပ်မူကျေးရွာနေ အောင်သာဖြိုး(ခ)အောင်ဒန်း ဆိုသော KIOတပ်ဖွဲ့၏ ရဲ တစ်ဦးဖြစ်နေကြောင်း သိရသည်။
“ဘယ်လိုအကြောင်းကြောင့် ပစ်ခတ်ခံတာလဲတော့ မသိရသေးဘူး။ KIO ရဲဖြစ်တယ်ဆိုတာမှန်တယ်။ ဒါကိုတော်လှန်ရေးအသိုင်းအဝန်းဘက်ကလည်း အတည်ပြုတယ်။ သူ့မိသားစုနဲ့နီးစပ်တဲ့ တော်လှန် ရေးဘက် အတည်ပြုတယ်။ ညပိုင်းလောက်က ပစ်ခံထားရတာလို့ ယူဆရတာပေါ့၊ မနက်မှ သူ့အ လောင်းကို လမ်းသွားလမ်းလာတွေက တွေ့ကြတာ၊ သူ့အလောင်းကတော့ လက်ရှိသူ့မိသားစုက အိမ် ကိုသယ်သွားပြီ” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့ပစ်ခတ်ခံရမှုကြောင့် ညာဘက်လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရသည်ဟု ယူဆရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
KIO ရဲ ပစ်သတ်ခံခဲ့ရသော ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ ဖားကန့်-ဆိပ်မူသွား အဓိကလမ်းမကြီးပေါ်တည်ရှိပြီး ယင်းနေရာ၌ အကြမ်း ဖက်စစ်အုပ် စုနှင့် KIA/KPDF တို့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




